အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် VUC အသင်း ယှဉ်ပြိုင်မည်

အာရှဖူဆယ်ကလပ်ချန် ပီယံရှစ်ပြိုင်ပွဲကို မြန်မာဖူဆယ် ကလပ် VUC အသင်းပထမဆုံး အကြိမ်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အထွေထွေအတွင်းရေး မှူးဦးကိုကိုသိန်းက ပြောသည်။

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့်အာရှဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာ မည့်ဇူလိုင်အတွင်းကျင်းပမည် ဖြစ်ပြီး အိမ်ရှင်နိုင်ငံထွက်ပေါ်ခြင်းမရှိသေးပေ။ 

အာရှဘောလုံးအဖွဲ့ချုပ်က ယင်းပြိုင်ပွဲဝင်ပြိုင်ရန် မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်မှတစ် ဆင့် မြန်မာဖူဆယ်ကလပ်အသင်းများကို ကမ်းလှမ်းသော်ခဲ့လည်း VUC တစ်သင်းတည်းသာ ပြန်လည်အကြောင်းပြန်ခဲ့ကြောင်း ဦးကိုကိုသိန်းက ဆိုသည်။

‘‘အာရှဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲအတွက်ဝင်ပြိုင်လို့ရတယ် ဆိုပြီးအကြောင်းကြားလာတယ်။ ဒါကြောင့် ဖူဆယ်လိဂ်ပြိုင်ပွဲဝင် အသင်းအားလုံးကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် အကြောင်း ကြားစာတွေပို့ခဲ့တယ်။ အဲဒီထဲက မှ VUC တစ်သင်းပဲပြန်ပြီးအ ကြောင်းပြန်တယ်။ ဒါကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ကို VUC အသင်းဝင်ရောက်ယှဉ်ပြိုင်မယ် လို့ အကြောင်းပြန်ခဲ့တယ်’’ ဟု ၎င်းကပြောသည်။

၂၀၁၇က ကျင်းပသည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းဖူဆယ်ကလပ် ချောင်ဘူရီအသင်းက ဗိုလ်စွဲထားသည်။

လာမည့်မေလအတွင်း အင် ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံ ရှစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် MIC အသင်းက ၀င် ရောက်   ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်လိဂ်ချန်ပီယံ PU အသင်းက ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော်လည်း PU အသင်းပျက်ပြယ်ခဲ့သဖြင့် MIC အသင်းက ယှဉ်ပြိုင်ခြင်းဖြစ်သည်။