ရန်ကုန်နှင့်ရှမ်းအသင်း ပြိုင်ဘက်များကို အနိုင်ယူ

ရန်ကုန်နှင့် ရခိုင်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 မြန်မာလိဂ် ပွဲစဉ် (၅) ပထမရက်ပွဲများတွင် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်တို့က ပြိုင်ဘက်အသင်းများကို အသီးသီးအနိုင်ရခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်က ယှဉ် ပြိုင်သည့် မြန်မာလိဂ်ပွဲများအ နက် ရန်ကုန်အသင်းက ရခိုင်အ သင်းကို ၃-၁ ဂိုး၊ ရှမ်းအသင်းက စစ်ကိုင်းအသင်းကို ၁-၀ ဂိုးဖြင့် အ နိုင်ရခဲ့သည်။ ရန်ကုန်မြို့ ရန်ကုန်ယူနိုက်တက်ကွင်း၌ ယှဉ်ပြိုင်သည့်ပွဲတွင် ရန်ကုန်အသင်းက ပထမပိုင်း၌ ရခိုင်အသင်းကို ဖိအားပေးကာ ပွဲချိန် ၈ မိနစ်တွင် တိုက်စစ်မှူးဆယ်လာက   ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ပထမပိုင်းတွင် ရခိုင်အသင်း ကွင်းလယ်၌ ဘောလုံးအပျက် များနေခြင်းကြောင့် ရန်ကုန်အ သင်းကို ဖိအားပေးနိုင်ခြင်းမရှိခဲ့ ပေ။ ပထမပိုင်း ၄၁ မိနစ်တွင် တိုက်စစ်မှူး ဆယ်လာက ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ရခိုင်အ သင်းကစားပုံ ပြန်လည်ကောင်း မွန်ပြီး ရန်ကုန်အသင်းကို ဖိအား ပေးနိုင်ခဲ့ကာ  ဂိုးသွင်းခွင့်များရရှိ သော်လည်း  အဆုံးသတ်အား နည်းချက်ကြောင့်  ချေပဂိုးရမည့် အခွင့်အရေးများ  ဆုံးရှုံးခဲ့သည်။ ၆၅ မိနစ်တွင် ရန်ကုန်အသင်းက တန်ပြန်  တိုက်စစ်မှတစ်ဆင့် မောင်မောင်လွင်က တတိယဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ၆၇ မိနစ်တွင် ရခိုင်အသင်းက ပြစ် ဒဏ်ဘောမှတစ်ဆင့် မက်သရူးက ချေပဂိုးတစ်ဂိုးသာ ပြန်လည်သွင်းယူနိုင်သဖြင့် ရန်ကုန်အသင်း က  အိမ်ကွင်း၌  အမှတ်ပြည့်ရယူခဲ့သည်။ တောင်ကြီးမြို့ ရှမ်းယူနိုက် တက်အိမ်ကွင်း၌ ယှဉ်ပြိုင်သည့် ပွဲတွင် ရှမ်းယူနိုက်တက်က ပွဲချိန် ၇၁ မိနစ်တွင် တိုက်စစ်မှူးစိုးမင်းဦး၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် စစ်ကိုင်းအသင်းကို အနိုင်ရရှိခဲ့ သည်။

မြန်မာလိဂ် ပွဲစဉ် (၅) ဒုတိ ယရက်ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး အောင်ဆန်းကွင်း၌ မြဝတီနှင့် ဟံသာဝတီ၊ သုဝဏ္ဏ ကွင်း၌ ဇွဲကပင်နှင့် ဆောက်သမ်း မြန်မာ၊ မန္တလာသီရိကွင်း၌ ရတနာပုံနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။