စွပ်စွဲချက်များ ကွဲလွဲနေဟု ဒေါက်တာအေးမောင်ပြော

ဖေဖော်ဝါရီ ၂၁ ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆို

ရသေ့တောင်မြို့နယ် စာပေ ဟောပြောပွဲနှင့်ပတ်သက်၍ နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)(ဂ)၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁(ခ)(ဂ) ဖြင့် အမှုဖွင့်ခံထားရသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဖေဖော်ဝါရီ ၉ ရက် တွင် စစ်တွေခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယင်းသို့ ရုံးထုတ်စဉ် မိသား စုဝင်အပါအ၀င် လူအချို့နှင့် တွေ့ဆုံခွင့်ရပြီး ၎င်းအပေါ် စွပ်စွဲချက် များသည် ကွဲလွဲမှုရှိနေကြောင်း ဒေါက်တာအေးမောင်က ပြော ကြားသည်။

‘‘ဗမာများအနေနဲ့ ရခိုင်လူ မျိုးများအပေါ်ကို ဗမာကျွန်အဖြစ် သဘောထားတယ်။ အဲဒါကျွန် တော်မသုံးဘူး။ ဒါပေမဲ့ အဲဒါကို သတင်းစာတွေမှာပါလို့ ကျွန် တော်စိတ်မကောင်းဘူး။ ဒါက ဗမာနဲ့ရခိုင်ကို ရန်တိုက်သလိုဖြစ် ပါတယ်’’ဟု ခရိုင်တရားရုံးမှ အ ထွက် ဒေါက်တာအေးမောင်က မီဒီယာများအား ပြောကြားသည်။

ဒေါက်တာအေးမောင်၏ ဟောပြောချက်တွင် ‘ဗမာများအ နေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူအခွင့်အရေး မပေး ကြောင်း၊ အချုပ်အခြာအာဏာရ ရှိရေးနည်းလမ်း နှစ်ခုသာရှိ ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးနည်းနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်းဖြစ်သော လူထု ဗဟိုပြုနိုင်ငံရေးနည်းဖြင့် ဆောင် ရွက်နေကြောင်း၊ လက်ရှိနိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်း ယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက် တွန်းလိုကြောင်း’ စသည့်အချက် များ ပါဝင်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ဇန်န၀ါရီ ၁၅ ရက်က ရသေ့ တောင်မြို့တွင်ပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ ဖွယ်အခမ်းအနား၌ ဟောပြော ချက်အချို့နှင့် ပတ်သက်၍ စစ် တွေအကျဉ်းထောင်တွင် ဖမ်းဆီး ထားခြင်း ဖြစ်သည်။

ယင်းအပြင် ၎င်းတို့ကို မတရားအသင်း အက်ဥပဒေပုဒ်မ ဖြင့် ရသေ့တောင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ဇန်န၀ါရီ ၂၉ ရက်က ရသေ့တောင်မြို့နယ် တရားရုံးသို့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်ကို ရုံးထုတ်ရာတွင် စစ်တွေမြို့လုံခြုံ ရေး တင်းကျပ်စွာချထားပြီး ရုံး မထုတ်မီတစ်ရက်အလို ဖေဖော် ၀ါရီ ၈ ရက်ညက စတင်၍တင်းကျပ်ထားကြောင်း မြို့ခံအ ချို့က ပြောသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်ကို ဖေဖော်ဝါရီ ၂၁ ရက် စစ်တွေ ခရိုင်တရားရုံး၌ ထပ်မံစစ်ဆေး မည်ဖြစ်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ များက ပြောသည်။