နိုင်ငံတကာဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြေးတံဆိပ်ရ

အီရန်နိုင်ငံတွင် ကျင်းပ သည့် ဖိတ်ခေါ်ကြက်တောင်ရိုက် ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင် ပွဲ၌ မြန်မာကစားသမား သက်ထားသူဇာက အိန္ဒိယကစားသမားနှင့် ပူးတွဲတတိယဆုရရှိခဲ့သည်။ 

အီရန်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် နိုင်ငံတကာ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သက်ထားသူဇာတစ်ဦးတည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကစားသမားများဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့လက် ရွေးစင်  သက်ထားသူဇာသည် ပထမအဆင့်၌  အီရန်ကစားသ မားကို သုံးပွဲပြတ်၊ ဒုတိယအဆင့် တွင်  ပေါ်တူဂီကစားသမားကို သုံးပွဲပြတ်၊ ကွာတားအဆင့်တွင် အိန္ဒိယကစားသမားကို သုံးပွဲပြတ်ဖြင့် အသီးသီးအနိုင်ယူကာ  အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။သက်ထားသူဇာသည် အကြို ဗိုလ်လုပွဲအဆင့်တွင် မလေးရှားကစားသမားကို သုံးပွဲပြတ်ရှုံးနိမ့်ခြင်းကြောင့် ဗိုလ်လုပွဲနှင့် လွဲကာအိန္ဒိယကစားသမားနှင့် ပူးတွဲတတိယဆုရရှိခဲ့သည်။