ဖြူ

ဆောင်းရာသီရဲ့ ညနေခင်း တွေဟာ ရှည်လျားတယ်။ ထိုင်းမှိုင်းတယ်။

ဆောင်းတွင်းမှာ စိတ်အာရုံ တွေကလည်း ဘယ်လိုကြီးမှန်းကို မသိဘူး။

ပျံ့ပျံ့လွင့်လွင့်။

ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ဟာ အေးခဲလို့။

နှင်းတွေကျလို့ ချမ်းတုန်။

ခင်ဗျားအဖို့ ဆောင်းရာသီ မှာ အိပ်လို့မရဘဲ ထထိုင်နေသ လား။

တစ်ညလုံးထထိုင်။

ငုတ်တုတ်။

ဟေ့လူ...အဲဒါကတော့ တ အားဆိုးတာပဲ...သိလား။

နေပါဦး...။

ဖြူကောင်တွေကို သိတယ် မဟုတ်လား။ သနားစရာအရမ်း ကောင်းတာပဲ။

ဆောင်းရာသီမှာ ဖြူကောင် တွေ ဘာတွေလုပ်နေသလဲ။

ဖြူကောင်တွေဟာ ဆောင်း ရာသီကို ဘယ်လိုဖြတ်သန်းသ လဲ။

ဖြူမိသားစုတွေဟာ ကြမ်း ပြင်ပေါ်မှာ ပက်လက်လန်ပြီး မျက်နှာကြက်ကို ငေးကြည့်နေကြမှာ လား။

ဘယ်အရာကို ဘယ်လောက်များစဉ်းစားတွေးခေါ်နေကြမှာပါ လိမ့်။

ဒီကြောက်ဖွယ်ကောင်းတဲ့ ရှည်ကြာထိုင်းမှိုင်းမှုထဲမှာ ဖြူ ကောင်တွေဟာ ရူးသွပ်သွားနိုင် တယ်။

 ညစဉ်ညစဉ် အိပ်ဆေး သောက်ပြီး အိပ်ရမယ်ဆိုရင် လည်း ဒီကိစ္စက သိပ်ပြီးသဘာဝ မကျလှဘူးမဟုတ်လား။

ဒီတော့ကာ ဖြူကောင်တွေ ဟာ ဓာတ်စက်တစ်လုံးဝယ်မယ် လို့ ဆုံးဖြတ်လိုက်တယ်။

ဖြူကောင်တွေဟာ စိတ်ကူး တွေကောင်းမွန်ကြပါတယ်။

နွေဦးရဲ့ ပျော်ရွှင်စရာ ဆူညံ သံတွေ၊ ပေါက်ပေါက်ကွဲကွဲတေး သီချင်းတွေ၊ ဖားတွေရဲ့ အော်သံ တွေဒါတွေအားလုံးကို ဓာတ်ပြား ထဲမှာထည့်ပြီး ဆောင်းညတွေမှာ နားထောင်မယ်။

ဒီစိတ်ကူးဟာ နွေဦးလိုပဲ ပျော်စရာကောင်းတယ်ပေါ့။

ဒီလိုနဲ့ပဲ ဖြူကောင်တွေဟာ ဓာတ်စက်တစ်လုံးဝယ်ဖို့ ပိုက်ဆံ ကိုစတင်စုဆောင်းကြပါတယ်။

နွေဦး

နွေ

မိုးဦး

မိုးတွင်းရာသီ။

ဖြူကောင်တွေ ပိုက်ဆံစုခဲ့ ကြတာပေါ့။

ဒီလိုနဲ့ ပိုက်ဆံလည်း ပြည့်၊ ဓာတ်စက်တစ်လုံးလည်း ၀ယ်နိုင် ပြီ။

ဘာသီချင်းလဲ။

ဓာတ်ပြားကို ဖွင့်မယ်လုပ်ပါ တယ်။

ဟာ...သွားပြီ။

ဒီမှာ ဓာတ်စက်ကြီးဖွင့်ဖို့ရာ မှာ တကယ်လိုအပ်တဲ့ အပ်တွေ မှ မ၀ယ်ခဲ့မိတာ။

ဘယ်လိုလုပ်ကြမှာလဲ။

ရှိသမျှ ပိုက်ဆံတွေကလည်း ဓာတ်စက်ဝယ်ရာမှာ အကုန်လုံး သုံးလိုက်ကြရပြီ။

ဓာတ်စက်အပ်ဝယ်ဖို့က နောင်နှစ် ဆောင်းရာသီအထိများ ပိုက်ဆံပြန်ပြီး စုဆောင်းကြရမှာ လား။

မသိတော့ဘူး။

မသိတော့ဘူး။

ဖြူကောင်တွေဟာ တကယ့် ကို သေချင်စော်နံသွားတယ်။

ပက်လက်လန်ရတယ်။

စိတ်အားငယ်ရတယ်။

စိတ်ဓာတ်ကျဆင်းရတယ်။

သူတို့ အိမ်ပြန်ရောက်တဲ့ အ ချိန်မှာ သူတို့အားလုံးရဲ့ စိတ်ဓာတ်ကျမှုဟာ ပက်လက်ကြီးကို လန် လို့။

အေးစက်မှုဟာ သွေးပျက်လု မတတ်ပါပဲ။

သွားပြီ။

သွားပြီ။

ငါးပါးကြီးမှောက်ပါပြီ။

ဘုရားကယ်တော်မူပါ။

အဲဒီအချိန်မှာပဲ သူတို့ အထဲက အငယ်ဆုံး ဖြူကောင်သေး သေးလေးက ထခုန်တယ်။

အူတွေ မြူးလို့။

ဖြူကောင်ကြီးတွေကတော့  ‘‘ဒီအသေးလေးရူးသွားပြီပေါ့’’၊ ‘‘ဒီလိုပဲ ငယ်တဲ့ကောင်တွေဟာ အရေးဆို အရူးဇယားထပြီး အရူး ဇာတ်ခင်းတတ်တာပဲ’’

ဖြူကောင်ကြီးတွေက မှင်နဲ့ မောင်းနဲ့ ပေါ့။ သမာဓိပေါ့။ ငါသိ ငါတတ်ပေါ့။ ငယ်သူကို အထင် သေးကြေးပေါ့။ တိုက်ပုံတွေနဲ့ ပေါ့။

ဖြူကောင်လေးကတော့ ဖြူ ကောင်ကြီးတွေကို ဂရုတွေလည်း စိုက်မနေပါဘူး။ သိပ္ပံပညာရှင် ဟာ စမ်းသပ်ချက်အသစ်တစ်ခုကို အဖြေတွေ့ရှိသွားသလို၊ ကမ္ဘာ ကျော်ဖြစ်တော့မလို၊ သန်းကြွယ် သူဌေးဖြစ်တော့မလို။

‘‘ကျွန်တော်တို့ဟာ ဖြူကောင်တွေဖြစ်တယ်။ ကျွန်တော်တို့ဟာ ဖြူကောင်တွေဖြစ်ကြောင်း ခင်ဗျားတို့ ဖြူကြီးမင်းတို့ ကိုယ်တိုင်မေ့ လျော့သွားကြပြီလား။ ခင်ဗျားတို့ ဟာ ဖြူကြီးပီပီသတိလက်လွတ် ဖြစ်နေကြတယ်။ အိုမင်းမစွမ်း တွေ၊ သက်ကြီးပိုင်းတွေ တိုင်းပြည်အုပ်ချုပ်နေသလိုပဲ။ ရလဒ်အခြေ  ခံတဲ့ စီမံခန့်ခွဲမှုလည်း ခင်ဗျားတို့ မှာ မရှိကြဘူး။

ဒီမှာကြည့်။ ကျွန်တော်တို့ ကိုယ်မှာ ဘုရားသခင်ပေးထားတဲ့ အပ်တွေရှိတယ်လေ။

ကျွန်တော်တို့ ကိုယ်ပေါ်က အပ်တွေနဲ့ သူတို့တွေ ဓာတ်စက် ဖွင့်ပြီး သီချင်းနားထောင်လာခဲ့ ကြတာ ရော့ခ်အင်ရိုးလ်ခေတ် တောင်ရောက်ခဲ့ပြီမဟုတ်လား’’

ဖြူကောင်ငယ်လေးက သူ့ ကိုယ်ပေါ်က အပ်ချွန်ချွန်တွေကို ပွတ်သပ်လို့။

ဖြူကောင်ကြီးတွေဟာ တစ် ကောင့်ကို တစ်ကောင်ကြည့်မိကြ တယ်။

အပ်တွေ၊ အပ်တွေ။

ဟုတ်သားပဲ။ အပ်တွေ။

အော်ဟစ်ရယ်မောလိုက်ကြ တယ်။

ဖြူကောင်ငယ်လေးကတော့ ခပ်မြိန့်မြိန့်ပြုံးလို့။

ဘာပဲဖြစ်ဖြစ် ဓာတ်စက်ကို ဖွင့်လိုက်ပါပြီ။ နွေရာသီလို ပူနွေး တဲ့ ရော့ခ်သီချင်းသံတွေထဲမှာ သူတို့တွေ ပူနွေးသွားကြတယ်။

ဒီလို ဒီလိုဓာတ်စက်ဖွင့်ရင်း၊ သီချင်းလိုက်ဆိုရင်း၊ ကခုန်ရင်းနဲ့ ဆောင်းရာသီကို အောင်မြင်စွာ ဖြတ်သန်းလာခဲ့ကြပါတယ်။

 နွေဦးပေါက်လေးတောင် အသစ်တစ်ဖန်မွေးဖွားလာပြန်ပြီ ကော။    ။

Ref: Milos Macourek's The Hedgehog