မောင်တောတွင်ကျပ်သိန်းကိုးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားငါးသိန်းခန့် ဖမ်းဆီးရမိ

 မောင်တောမြို့တွင် သုံးဘီးယာဉ်တစ်စီးပေါ်မှ ကျပ် သိန်း ကိုးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၄၈၇,၅၀၀ နှင့် ယာဉ်မောင်း ဘင်္ဂါလီလူမျိုးတစ်ဦးကို လုံခြုံရေး ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်သုံးဘီးဆိုင်ကယ်မောင်းသူကို ဖေဖော်ဝါရီ ၈ ရက်ကမောင်တော မြို့မကညင်တန်းရပ်ကွက်နှင့် မီး သတ်စခန်းကြားတွင် ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူသည် မောင် တောမြို့မောင်နီကျေးရွာမှ အ သက် (၂၄)နှစ်အရွယ် ဘင်္ဂါလီ အမျိုးသားဖြစ်ပြီး စိတ်ကြွရူးသွပ် ဆေးပြားများကို သုံးဘီးဆိုင်ကယ် ပေါ်တွင် ခေါက်ဆွဲခြောက်၊ ခြင် ဆေးခွေများနှင့် ရောနှောသယ် ဆောင်လာကြောင်း ထုတ်ပြန် ချက်တွင် ရေးထားသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူကို မောင် တောမြို့မရဲစခန်းတွင် အမှုဖွင့် ထားသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၇ ရက်ကလည်း ဘူးသီးတောင်မြို့ နယ် စိမ့်ညှင်းပြားချောင်းဝ၌ ရခိုင် အမျိုးသားလေးဦးပါသည့် စက် လှေတစ်စီးကို စစ်ဆေးစဉ် ကျပ်သိန်း ၂,၁၀၀ ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၀၇,၂၅၀ ပြားဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဘူးသီးတောင် နှင့် မောင်တောမြို့နယ်တွင် ဖေ ဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နှစ် ရက်အတွင်း ကျပ်သိန်း တစ် သောင်းတစ်ထောင်ကျော်ဖိုး ဖမ်း ဆီးရမိခဲ့သည်။