အမျိုးသမီးလိဂ်ရာသီဝက်တွင် ဝင်းသိင်္ဂီထွန်း ဂိုးအများဆုံးသွင်းယူ

၂၀၁၇-၁၈ ရာသီအမျိုး သမီးလိဂ်ရာသီဝက်အပြီးတွင် မြ ဝတီအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီ ထွန်းက ၂၇ ဂိုးသွင်းယူထားကာ ဂိုးသွင်းအများဆုံးကစားသမား စာရင်း၌ ဦးဆောင်ထားသည်။ 

ဝင်းသိင်္ဂီထွန်းသည် ဖေဖော် ဝါရီ ၈ ရက်က ယှဉ်ပြိုင်သည့် အမျိုးသမီးလိဂ်ရာသီဝက်နောက် ဆုံးပွဲစဉ် (၇) ဖြစ်သည့် မြဝတီနှင့် ဂန္ဓမာအသင်းတို့ပွဲတွင် မြဝတီ အသင်းအတွက် ကိုးဂိုးသွင်းယူ ပေးခဲ့သည်။ 

သစ္စာ  အားမာန်အသင်း တိုက်စစ်မှူး ခင်မိုးဝေက ၁၅ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်း ဒုတိယနေရာနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနအသင်း တိုက်စစ် မှူး ရီရီဦးက ၁၄ ဂိုးဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။ 

အမျိုးသမီးလိဂ် ပထမအ ကျော့ပွဲစဉ်များအပြီးတွင် မြဝတီ အသင်းနှင့် သစ္စာအားမန်အသင်း တို့က ခြောက်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိဘဲ ရမှတ် ၁၉ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက် သာသည့် မြဝတီအသင်းက အ မှတ်ပေးဇယား ပထမ၊ သစ္စာအား မာန်က ဒုတိယနေရာရပ်တည်နေ သည်။ ၂၀၁၇-၁၈ ရာသီ ကမ္ဘော ဇအမျိုးသမီးလိဂ် ဒုတိယအကျော့ ပွဲစဉ်များကို မတ်လ ၁၃ ရက်၌ ပြန်လည်ကျင်းပမည်ဖြစ်သည်။