မြန်မာ့လက်ဝှေ့ကျော်မိုးသီး ဆိုင်ကယ်မတော်တဆမှုဖြင့် ကွယ်လွန်

မြန်မာလက်ဝှေ့ကျော် မိုးသီး (ဓာတ်ပုံ − မိုးသီး FB)

 မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမား မိုးသီးသည် ဖေဖော် ၀ါရီ ၉ ရက်က ဘီးလင်းမြို့တွင် ဆိုင်ကယ်   မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီခန့်က မွန်ပြည်နယ် ဘီးလင်း မြို့၌ ဆိုင်ကယ်စီးလာသည့် မိုး သီးသည် Express ခရီးသည်တင်ယာဉ်တစ်စီးနှင့် တိုက်မိကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လက်ဝှေ့ပွဲများ စီစဉ်သည့် မြန်မာလက်ခမောင်းကုမ္ပဏီတာဝန်ရှိသူ  ကိုအောင်သူက ပြောကြားသည်။

‘‘ဘီးလင်းရွှေရောင်ပြအ ကျော်နားမှာ ကားနဲ့တိုက်မိပြီး နေ ရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ် လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်လ လောက်ကမှ တောင်ကလေးပွဲမှာ လက်ဝှေ့ထိုးသွားတာ။ ငါမအို သေးဘူး။ နိုင်ငံခြားသားကစား သမားတွေနဲ့ ထိုးချင်သေးတယ် တောင် ပြောသွားတာ။ အခုလို ဖြစ်တာသိရတော့ အရမ်းစိတ်မ ကောင်းဖြစ်မိတယ်’’ဟု ၎င်းက ပြောသည်။

မိုးသီးသေဆုံးသဖြင့် စိတ်မကောင်း   ဖြစ်မိကြောင်းနှင့် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း လက်ဝှေ့ကစားဖော် စောငမန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အသက်(၃၄)နှစ်အရွယ် မြန်မာ့ရိုးရာလက်ဝှေ့ကျော် မိုးသီး သည် ၂၀၀၉ တွင် လိုက်ဖယ်သာ ၀ိတ်တန်း၌ ရွှေခါးပတ်ချန်ပီယံ ဆုရရှိခဲ့သည်။ ၎င်း၏နောက်ဆုံး ပွဲစဉ်အဖြစ် ၂၀၁၇ ဒီဇင်ဘာ ၂၁ရက်က တောင်ကလေး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်း အမှတ် မြန်မာ့ရိုးရာလက်ဝှေ့အ ထူးစိန်ခေါ်ပွဲ၌ ထိုင်းလက်ဝှေ့သမားနှင့် ထိုးသတ်ခဲ့သည်။