စည်းကမ်းမလိုက်နာသည့် သီဟထက်အောင်ကို အသုံးမပြုတော့ဟု ရန်ကုန်နည်းပြပြောကြား

အသင်းတာဝန်ရှိသူများကို တောင်းပန်ညှိနှိုင်းမည်ဟု သီဟထက်အောင်က ဆို

ရန်ကုန်ယူနိုက်တက် နည်းပြချုပ်ဦးမျိုးမင်းထွန်းက ရန် ကုန်အသင်းနည်းပြအဖြစ်ရှိနေ သည့်ကာလအတွင်း စည်းကမ်း မလိုက်နာသည့် သီဟထက် အောင်ကို အသုံးပြုတော့မည် မဟုတ်ကြောင်း ပြောကြားသည်။

သီဟထက်အောင်သည် ၂၀၁၇ နိုဝင်ဘာ ၂၆ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃ လက်ရွေးစင်အ သင်းနှင့် မွန်ဂိုလီးယားအသင်းတို့ ခြေစမ်းပွဲတွင် ပြိုင်ဘက်ကစား သမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လိဂ်ပြိုင်ပွဲ ခြောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ သည်။

သီဟထက်အောင်သည် ပွဲ ပယ်ပြစ်ဒဏ်ကြောင့် ရန်ကုန်အ သင်း၌ ပါဝင်နိုင်ခြင်းမရှိသော် လည်း အသင်းထံခွင့်တိုင်ကြား ကာ နေရပ်သို့ပြန်သွားခဲ့ပြီး ခွင့်ပြည့်သော်လည်း အသင်းနှင့် လာရောက်ပူးပေါင်းခြင်း  မရှိ ကြောင်း ဦးမျိုးမင်းထွန်းက ဆို သည်။

‘‘လက်ရှိ သက်တမ်းအလိုက် ကစားသမားတွေထဲက ခံစစ်မှာ ကစားတဲ့သူတွေထဲမှာ သီဟ ထက်အောင်က အကောင်းဆုံးပဲ။ စည်းကမ်းမလိုက်နာတာလည်း သီဟထက်အောင်က အဆိုးဆုံး ပဲ။ ကျွန်တော့်ရဲ့ဆန္ဒကတော့ကျွန် တော်ရန်ကုန်အသင်းမှာ လုပ်နေ သမျှသူ့အတွက် နေရာမရှိတော့ ဘူး’’ ဟုဦးမျိုးမင်းထွန်းက ဖေ ဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

မိသားစုကိစ္စကြောင့် ခွင့် ပြည့်သည့်ရက်တွင် ရန်ကုန်အ သင်းသို့ အချိန်မီမရောက်လာနိုင် ကြောင်းနှင့်  အသင်းတာဝန်ရှိသူများထံ တောင်းပန်ကာ ညှိနှိုင်းမည်ဖြစ်ကြောင်း သီဟထက်အောင်က ဆိုသည်။

‘‘မိသားစုကိစ္စကြောင့် အ သင်းခွင့်ပြည့်တဲ့ရက်မှာ မပြန်ဖြစ် တာပါ။ နည်းပြအနေနဲ့ ကျွန်တော့် ကို ဒီလိုမျိုးပြောတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ မနက်ဖြန်(ဖေဖော်ဝါရီ ၁၁ ရက်) ည စစ်ကိုင်းကနေ ရန်ကုန်ကို ပြန် လာပါမယ်။ အသင်းကိုပြန် ရောက်တာနဲ့ တာဝန်ရှိသူတွေကို တောင်းပန်ပြီး ညှိနှိုင်းမှုပြုလုပ် သွားမှာပါ’’ ဟု သီဟထက်အောင် က ဖေဖော်ဝါရီ ၁၀ရက်တွင် ပြော သည်။

ရန်ကုန်ယူနိုက်တက်အနေ ဖြင့် ၎င်းကိုမလိုလားပါကအသင်း ဥက္ကဋ္ဌထံ နုတ်ထွက်ခွင့်တောင်း ပြီး အသင်းပြောင်းရန်စီစဉ်မည် ဖြစ်ကြောင်း သီဟထက်အောင်က ဆိုသည်။ ဇေယျာရွှေမြေလူငယ် အသင်းမှ ပေါ်ထွက်လာသည့် အသက်(၂၁)နှစ်အရွယ် သီဟ ထက်အောင်သည် ၂၀၁၅ တွင် ရန်ကုန်အသင်းသို့ရောက်ရှိလာ ပြီး ၂၀၁၉ ရာသီကုန်အထိအသင်း နှင့် စာချုပ်သက်တမ်းကျန်ရှိနေ သေးသည်။