ဗေဒင်ဆရာအောင်ချစ်ပိုကို စစ်ဆေးပြီး အာမခံပေး

 ဗေဒင်ဆရာ အောင်ချစ် ပိုကို အမှုဖွင့်သည့် ပုဒ်မများအ တွက် ယမန်နေ့က စမ်းချောင်းရဲ စခန်းတွင် စစ်ဆေးပြီး အာမခံပေး ခဲ့သည်။ 

ဗေဒင်ဆရာကို အမည်မ ဖော်လိုသူအမျိုးသမီးတစ်ဦးက ကာယိနြေ္ဒပျက်စီးရန် လက် ရောက်ကျူးလွန်မှုပုဒ်မ ၃၅၄ နှင့် သရုပ်ဆောင် ဒိန်းပိုပိုဒေါင်က ပုဒ်မ ၃၅၄ အပြင် ရာဇဝတ်မကင်း သော ခြောက်လှန့်မှုပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ထားသည်။ ယင်း ပုဒ်မများသည် အာမခံပေး၍ ရ သည့်ပုဒ်မများဖြစ်ကြောင်း  စမ်း ချောင်းရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ 

ဖေဖော်ဝါရီ ၈ ရက်က ပြည် ထဲရေး၏တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖမ်းဆီးစစ်ဆေး နေကြောင်း သတင်းထုတ်ပြန်ခဲ့ ခြင်းသည် လွဲမှားပြီး ထိုနေ့က ၎င်း၏အိမ်တွင် တစ်နေကုန်ရှိနေ ကြောင်း အောင်ချစ်ပိုက ဖြေကြားသည်။ အာမခံရရှိသည်ဟု သတင်း   ထွက်ပေါ်နေခြင်းသည် လည်း မှားယွင်းပြီး ယမန်နေ့ ဖေ ဖော်ဝါရီ ၁၀ ရက်တွင်မှ အာမခံ ရရှိခြင်းဖြစ်သည်။ 

အမှုများနှင့်ပတ်သက်၍ ရဲ တပ်ဖွဲ့က လိုအပ်ချိန်တွင် ခေါ်ယူမည်ဟု    ပြောကြားခဲ့ကြောင်း အောင်ချစ်ပိုက ဆိုသည်။ 

နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးက ကိုးထပ်ကြီး ဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို ထံ ဗေဒင်မေးရာတွင် ဗေဒင်ဆရာ က ၎င်းကို လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားကြောင်း ဇန်နဝါရီ ၂၃ ရက်က ဖေ့စ်ဘွတ်ခ်၌ ပို့စ်တင်ရေး သားခဲ့သည်။ ထိုရေးသားချက်ကို အမျိုးသမီး ၁၀ ဦးခန့်က ပြန်လည်မျှဝေခြင်း၊ မှတ်ချက်ပေးခြင်းများ ပြုလုပ်ကာ ၎င်းတို့လည်း ဗေဒင်ဆရာအောင်ချစ်ပိုထံ ဗေဒင်မေး စဉ်က ထိပါးစော်ကားခံရကြောင်း အတွေ့အကြုံများ မျှဝေရေးသား ခဲ့သည်။ 

ထို့နောက် ဗေဒင်ဆရာနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးခံရသဖြင့် နစ်နာသည်ဆိုသူ မိန်းကလေးများ စမ်းချောင်းရဲစခန်းတွင် အပြန်အ လှန်အမှုဖွင့်ခဲ့သည်။ 

နစ်နာသူမိန်းကလေးနှစ်ဦး က အမှုဖွင့်သကဲ့သို့ ဗေဒင်ဆရာ ကလည်း မိန်းကလေးတစ်ဦးနှင့် ထိုမိန်းကလေးများရေးသားချက် များကို ပြန်လည်မျှဝေသူ Phyo Wai Win အကောင့်ပိုင်ရှင်ကို စမ်းချောင်းရဲစခန်းတွင် အမှုဖွင့် ထားသည်။ 

ထို့အပြင် နာမည်ကြီးဗေဒင် ဆရာအချို့က ဗေဒင်ဆရာ အောင်ချစ်ပိုကို ရှုတ်ချခြင်းများ ပြုလုပ်နေသည့်အပေါ် ‘‘အဖြူအ မည်းမသဲကွဲသေးတဲ့အတွက် အ ကျုံးမဝင်ပါဘူး’’ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ရဲစခန်း၌ စစ်ချက်ပေးပြီး ပြန်အထွက်တွင် မီဒီယာများအား ဖြေကြားသည်။