(၅)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြံစည်မှု ပျဉ်းမနားတွင် ဖြစ်ပွား

 ပျဉ်းမနားတွင် အသက်(၅)နှစ်အရွယ်ကလေး ငယ်ကို (၁၆)နှစ်အရွယ်လူငယ်က အဓမ္မပြုကျင့်ရန် ကြံစည်သည်ဆိုကာ အမှုဖွင့်တိုင်ကြားထားကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထိုက်အောင်က ပြော သည်။

‘‘ကျွန်တော်တို့ ဒီနေ့(ဖေ ဖော်ဝါရီ ၁၀ ရက်)သူတို့ကို ဆီး တွေစစ်ထားပါတယ်။ ယောက်ျား လေးရော၊ မိန်းကလေးရော။ ကျန်တာကတော့ ဆီးစစ်ပြီးမှသိ မှာပါ’’ ဟု စခန်းမှူးကပြောသည်။

ဖေဖော်ဝါရီ ၉ ရက်ညနေက ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်နီးချင်းအမျိုး သမီးတစ်ဦး၏ နေအိမ်တွင်ဆော့ ကစားနေသည့်သမီးကို သွားရောက်ခေါ်ယူပြီး သမီး၏ဘောင်းဘီ၌ အရည်အချို့ တွေ့ရှိခဲ့ရာမှ မိခင်က တိုင်တန်းခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့တိုင်တန်းသဖြင့် ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းမှ ပုဒ်မ ၃၇၆ နှင့် ပုဒ်မ ၅၁၁(အား ထုတ်လက်ရောက်မှု) နှစ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ဒုရဲ မှူးသန်းထိုက်အောင်ကဆိုသည်။

‘‘ဆီးစစ်ပြီးလို့အဖြေသိရရင် ဒဲ့ပေါ့။ ၅၁၁ ပြုတ်ပြီး ၃၇၆ နဲ့ပဲဖြစ်သွားမှာပေါ့။ တခြားပုဒ်မထပ် တိုးချင်လည်းတိုးမှာပေါ့’’ ဟု ၎င်းက ပြောသည်။

‘‘သူ့ကလေးကို အဓမ္မပြု ကျင့်ထားတယ်ဆိုပြီးလာတိုင် တယ်။ အဲဒါဆိုဘာလုပ်မလဲဆို တော့ အမှုဖွင့်မယ်ဆိုတာနဲ့စခန်း ကိုလိုက်ပို့လိုက်တယ်။ ကောင် လေးကိုကျတော့ ပြဿနာဖြစ်မှာ စိုးလို့ဖမ်းထားလိုက်တယ်။ ပြီး တော့ ရုံးကနေတစ်ဆင့်နယ်ထိန်း ခေါင်းဆောင်နဲ့စခန်းကိုပို့လိုက် တယ်။ ကျွန်တော့်ရှေ့မှာစစ်တာ တော့ ကောင်လေးကဟုတ်တယ် လို့ပြောတယ်’’ ဟု ရွှေချီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်မြိုင်က ပြောသည်။