ဖောက်ထွင်းမှုဖြင့် နှစ် ၄၀ ကျော် ထောင်ဒဏ်ချမှတ်ခံရဖူးသူ ဖောက်ထွင်းမှုကြောင့် ပြန်လည်ဖမ်းဆီးခံရ

ဖောက်ထွင်းရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ခိုးယူသွားသော ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police FB)

 ဖောက်ထွင်းမှုဖြင့်နှစ် ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  လွတ် လာသူတစ်ဦးသည်  ဖောက်ထွင်း မှုကြောင့်ပင် ပြန်အဖမ်းခံခဲ့ရ သည်။

ဗိုလ်တထောင်မြို့နယ်ရှိ နေ အိမ်တစ်အိမ်ကို အိမ်ရှင်များ မရှိခိုက် ဖောက်ထွင်းဝင်ရောက်ပြီးရွှေ ထည်၊ လက်ဝတ်ရတနာပစ္စည်း မျိုးစုံ၊ တက်ဘလက်နှင့် ငွေ စုစု ပေါင်းတန်ဖိုးကျပ် ၁၈၂ သိန်း ခိုးယူပျောက်ဆုံးသည့်အမှုကို ရဲတပ်ဖွဲ့ က စုံစမ်းဖော်ထုတ်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဗိုလ်တထောင်မြို့နယ် (၄) ရပ်ကွက်တွင်နေ အမျိုးသမီးသည် ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီ ခန့်က ဆံပင် ညှပ်ပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်တိုက်ခန်း သံဘာဂျာတံခါးပွင့်နေပြီး အတွင်းသစ်သားတံခါးကို ချက်ထိုးပိတ်ထားကြောင်း တွေ့ရှိခဲ့သည်။ 

ပိတ်ထားသည့် သစ်သားတံ ခါးကိုခဲအိုနှင့်အတူ ချိုးဖျက်ပြီး နေအိမ်အတွင်း ဝင်ရောက်စစ် ဆေးရာ SAMSUNG Galaxy Tap 5 တစ် လုံး၊ ရွှေထည်လက် ၀တ် ရတနာ ပစ္စည်းမျိုးစုံ ၁၇ မျိုး၊ တန်ဖိုးကျပ် ၁၇၉ သိန်းနှင့် ငွေကျပ် သုံးသိန်း၊ စုစုပေါင်း ၁၈၂သိန်း  ခိုးယူပျောက်ဆုံးနေကြောင်း  တွေ့ရသဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန် သည်။ 

ထို့ကြောင့် ခိုးမှုများကျူးလွန် ပြီး အကျဉ်းထောင်များမှ ပြန် လွတ်မြောက်သူများကို ရဲစခန်း မှတ်တမ်းများနှင့် ရဲတပ်ဖွဲ့က တိုက်ဆိုင်စစ်ဆေးဖော်ထုတ်ရာ နေ့အချိန်ဖောက်ထွင်းခိုးယူဖူး သည့် ပြစ်ချက်ဟောင်းရှိသူ အေးမင်းစိုးကို မသင်္ကာဖွယ် စစ် ဆေးတွေ့ရှိရ၍ ၎င်းကို ဖေဖော် ဝါရီ ၇ ရက်တွင် မင်္ဂလာတောင် ညွန့် မြို့နယ်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အေးမင်းစိုးကို စစ်ဆေး ခဲ့ရာ ဇန်နဝါရီ ၃၀ နံနက်ကဖောက်ထွင်းပစ္စည်းကိရိယာများ ယူဆောင်၍ ဗိုလ်တထောင်မြို့နယ်အတွင်း လူမရှိသည့် တိုက်ခန်းကို အသင့်ပါလာသော သော့တုဖြင့် ဖွင့်၍ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆိုသည်။ 

ရှေ့တံခါးကို အတွင်းမှ ချက်ထိုးကာ နေအိမ်အတွင်းရှိ ရွှေအထည်ပစ္စည်းမျိုးစုံ၊ တက်ဘ လက် နှင့် ငွေများခိုးယူခဲ့ပြီး နေ အိမ်တိုက်ခန်းနောက်ဖေးအရေး ပေါ်လှေကားမှ ဆင်း၍ ထွက် ခဲ့ကြောင်း၊ ခိုးယူရရှိသည့် လက် ဝတ်ရတနာများကို ပေါင်နှံရောင်း ချခဲ့ကြောင်း ပေါ်ပေါက်ပြီး ခိုးယူ ခဲ့သည့် ပစ္စည်းများကို ရဲတပ်ဖွဲ့ ကသိမ်းဆည်းနိုင်ခဲ့သည်။ အေးမင်းစိုးသည် ဖောက် ထွင်းခိုးယူမှု ခုနစ်မှုဖြင့် ထောင် ဒဏ် ၄၁ နှစ်ချမှတ်ခံရပြီး အကျဉ်း ထောင် တွင် ၁၆ နှစ်ခန့် ပြစ်ဒဏ် ကျခံခဲ့ ပြီး ၂၀၁၄ တွင် နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူ တစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်သည်။

စည်းကမ်းသတ်မှတ်ချက် ဖြင့်လွှတ်ထားသည့် အကျဉ်းသား ဖြစ်၍ ယခင်ပြစ်ဒဏ်များ ပြန် လည်ကျခံစေရေးနှင့်ထိရောက် ပြစ်ဒဏ်ရရှိရေး ပြစ်ချက်ဟောင်း များဖော်ထုတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းကို  အခြားပြစ်မှုများ ကျူးလွန်ခြင်း ရှိ၊မရှိ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေသည်။