ဖမ်းမိထားသည့် တပ်မတော်သား သုံးဦးကို ကေအိုင်အေပြန်လွှတ်ပေးဟုဆို

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ယခုလအတွင်း ဖား ကန့်မြို့နယ်၌ ဖြစ်ပွားသော တိုက်ပွဲတွင် ဖမ်းဆီးခဲ့သော တပ် မတော်သား သုံးဦးကို KIA က ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြစ် ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်း ရေး ဆွေးနွေးရေး အကျိုးဆောင် (PCG) တာဝန်ရှိသူများက အတည်ပြုသည်။

ဖားကန့်မြို့နယ် နန့်ဟိုင် ကျေးရွာKBC ဆုတောင်းတောင် အနီး ဖြစ်ပွားသော တိုက်ပွဲအ တွင်း ဖမ်းဆီးမိသည့် ခလရ (၂၅၅)မှ တပ်ကြပ်တစ်ဦးနှင့် တပ်သား နှစ်ဦးကို PCG ကတာဝန်ယူပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖားကန့် တပ်မ (၁၀၁) ထံသွားရောက်အပ် နှံမည်ဆိုသည့် Kachin News Group က သတင်းဖော်ပြမှုနှင့် ပတ်သက်၍ PCG မှ ဦးဆန် အောင်က ဟုတ်မှန်ကြောင်း အ တည်ပြုသည်။

‘‘အဲဒီသတင်းက မှန်ပါ တယ်’’ ဟု ဦးဆန်အောင်က ဖေ ဖော်ဝါရီ ၁၀ ရက် ည ၉ နာရီခန့် တွင် ပြောသည်။ အဆိုပါတပ်မ တော်သား သုံးဦးကို တပ်မတော် က လက်ခံကြောင်း ၎င်းကအ တည်ပြုသည်။ တပ်မမှူးနှင့် တွေ့ဆုံနေ၍ အသေးစိတ်အချက်အလက်ကိုမူ ပြန်လည်ဆက်သွယ်ရန် ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် မိုး ကောင်းနှင့်ကာမိုင်းကြား၌ ဖြစ် ပွားသော တိုက်ပွဲတွင် KIA က ဖမ်းဆီးထားသူများကို ပြန်လွှတ် ပေးခြင်းဖြစ်ကြောင်း KIA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော် ဘူက ဆိုသည်။ အဆိုပါတိုက် ပွဲတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ကြောင်း ၎င်းကဆို သည်။

‘‘တပ်မတော်နဲ့လည်း ညှိနှိုင်း တယ်။ အထူးသဖြင့်တော့  ငြိမ်း ချမ်းရေး ညှိနှိုင်းရေး  အကျိုးဆောင်အဖွဲ့ (PCG) ပေါ့ သူတို့ကနေ တစ်ဆင့် ပြန်လွှဲပေးလိုက်ပါ တယ်။ သူတို့ကနေတစ်ဆင့် တပ် မတော်ကို ပြန်အပ်ပေးလိုက်တာ ဖြစ်ပါတယ်’’ ဟု ဗိုလ်မှူးကြီးနော် ဘူက ပြောသည်။

KIA အနေဖြင့် စစ်သုံ့ပန်း များကို ပြန်လွှတ်ပေးသည့် မူဝါဒ ရှိကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် ဒေသတွင်း အုပ် ချုပ်ရေးတာဝန်ရှိသူများထံ ယမန် နေ့က ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

KIA အဖွဲ့သည် (အကြမ်း ဖက်သောင်းကျန်းသူများဟုဖော် ပြ) ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်းများနှင့် အများပြည်သူများသွားလာအသုံး ပြုနေသည့်လမ်းကြောင်းများပေါ် ၌ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေရာ ၂၀၁၇ ဇူလိုင် ၂၀ ရက်ကစ၍ တနိုင်းဒေသရှိ မိုး ကောင်း-ကာမိုင်း-ဖားကန့်သွား လမ်းကြောင်းပေါ်၌ ဆက်ကြေး ကောက်ခံမှု ခုနစ်ကြိမ်၊ မိုး ကောင်း-လ၀ါး-တနိုင်းလမ်း ကြောင်းပေါ်၌ ဆက်ကြေး ကောက်ခံမှုငါးကြိမ်ရှိပြီး မိုင်း ထောင်ဖောက်ခွဲမှု ၄၂ ကြိမ်ရှိကာ ခရီးသွားပြည်သူများ ထိခိုက်ဒဏ် ရာရရှိခဲ့သည်။ ထို့နောက် နယ် မြေရှင်းလင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ၂၀၁၈ ဇန်န၀ါရီ ၂ ရက်ကစတင်ဆောင် ရွက်ခဲ့ရာ ထိတွေ့မှု  ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ်သုံးကြိမ် ဖြစ်ပွားခဲ့ကာ KIA ၏ အကောက်ခွန်ဂိတ်တစ်ခု၊ 

စခန်းငယ်တစ်ခုနှင့် လက်နက်ခဲ ယမ်းများသိမ်းပိုက်ရရှိခဲ့ပြီး ဖြစ် စဉ်များတွင် ရန်သူအချို့သေဆုံး ခဲ့ကြောင်းနှင့် တပ်မတော်မှ စစ် သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ဇန်န၀ါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

More in News Section