အင်းဒင်ရွာ ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ထွက်ပြေးနေသူနှစ်ဦးကို တရားခံပြေးအဖြစ်ကြေညာ

မောင်တောအကြမ်းဖက်မှုနောက်ပိုင်း အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ရွာသားတစ်ဦးကို လူသတ်မှုပုဒ်မဖြင့် ဖမ်းဆီး တရားစွဲဆိုထားပြီး ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးအား တရားခံပြေးအဖြစ် ကြေညာထားကြောင်း မောင်တောခရိုင် ဥပဒေရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ရွာသားတစ်ဦးကို တရားစွဲစစ်ဆေးနေတယ်။ ဖွင့်ထားတဲ့အမှုက လူသတ်မှုဖြစ်တယ်။ ကျန်နှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် တရားခံပြေး ကြေညာ ထားတယ်’’ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

အင်းဒင်ဖြစ်စဉ်နှင့် ပတ် သက်၍ တပ်မတော်သတင်း ထုတ်ပြန်ချက်တွင် ဘင်္ဂါလီအ ကြမ်းဖက်သမား ၁၀ ဦးသည် အကြမ်းဖက်တိုက်ခိုက်မှု များ၌ ပါဝင်ပတ်သက်သူများဖြစ်ပြီး ၎င်း တို့သည် အင်းဒင်ကျေးရွာသား ဦးမောင်နီကို  အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခဲ့၍ တိုင်းရင်းသားများ ကို ခြိမ်းခြောက်အနိုင်ကျင့်သော ကြောင့် တိုင်းရင်းသားများက စိတ်နာနေပြီး ပြန်လည်လက်စား ချေသတ်ဖြတ်လိုစိတ်များ ရှိနေ ရာမှ ဖမ်းမိသောဘင်္ဂါလီ အကြမ်း ဖက်သမား ၁၀ ဦးကို သတ်ဖြတ် ခဲ့ကြောင်း ဖော်ပြသည်။

ဦးမောင်နီ၏ သားနှစ်ဦးနှင့် ရွာသားတစ်ဦးက ဘင်္ဂါလီအ ကြမ်းဖက်သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်းနှင့် ယင်းသို့ရုန်း ရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်း အနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် လေး ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း တပ်မတော်ထုတ်ပြန် ချက်တွင် ပါ ရှိသည်။

‘‘ဖမ်းဆီး တရားစွဲဆိုခံထား ရသူအတွက် သက်သေထွက်ဆို ပေးနေပါတယ်’’ဟု အင်းဒင်ကျေး ရွာနေ ရွာခံတစ်ဦးက ပြောသည်။

အင်းဒင်ကျေးရွာသည် မောင် တောမြို့နယ် တောင်ပိုင်းတွင်ရှိ ပြီး မြို့နှင့်မိုင် ၂၀ ကျော်အကွာ၌ တည်ရှိသည်။

အင်းဒင်ကျေးရွာမှ ရွာသား အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုသ ဖြင့် ပါဝင်ပတ်သက်သူ ရွာသား များနှင့် ထိတွေ့တိုက်ခိုက်မှုစည်း မျဉ်းများ ( Rules Of Engage-ment ) ချိုးဖောက်ခဲ့သော လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည် ဖြစ်ပြီး ကွပ်ကဲရန်တာဝန်ရှိသူ များကို လိုအပ်သလို ဖော်ထုတ် ရန် အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း တပ်မတော်က ထုတ်ပြန် ထားသည်။

More in News Section