ဆင်တဲစက်မှုကျောင်း အဆင့်မြှင့်တင်ရန် ဂျာမနီနိုင်ငံက ယူရိုခြောက်သန်းထောက်ပံ့

ဂျာမနီနိုင်ငံက ယူရိုငွေ ခြောက်သန်း ထောက်ပံ့.ပေးအပ်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်ခရိုင် ပန်းတောင်းမြို့ နယ် ဆင်တဲကျေးရွာအုပ်စု အမှတ်(၁) စက်မှုအထက်တန်းကျောင်း (ဆင်တဲ) ကို အဆင့်မြှင့်တင်ရန် ဂျာမနီနိုင်ငံက ယူရိုခြောက်သန်း ထောက်ပံ့ခဲ့ကြောင်း ကျောင်းအုပ် ကြီးဦးဘုန်းကျော်က ပြောသည်။

  သင်ရိုးညွှန်းတမ်း၊ စက် ပစ္စည်း၊ အသုံးအဆောင်နှင့် နည်းပညာရပ်များ အဆင့်မြှင့်တင်ရန် ရည်ရွယ် ထောက်ပံ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 ‘‘စက်မှု အထက်တန်း ကျောင်းမှာ သင်တန်းသားတွေကို အပြင်မှာ အမှန်တကယ်လက် တွေ့ ကျွမ်းကျင်ဖို့ ဦးစားပေး ကြည့်ရှုသင်ကြားပါတယ်။ သင် တန်းသားတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ဟာ လုပ်ငန်းခွင်တွေမှာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်တာကိုလည်း တွေ့ရပါတယ်’’ ဟု​၎င်းက ဆိုသည်။

ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက်က အဆိုပါသင်တန်း ကျောင်းတွင် ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စတာ ဒိုရသီဂျ တက်ဇ်ဝန်ဇယ်နှင့် စက်မှုဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကို ကိုလွင်တို့ တက်ရောက်ခဲ့သည်။

ဆင်တဲစက်မှုအထက်တန်း ကျောင်းကို ဂျာမနီနိုင်ငံ အကူအ ညီဖြင့် ၁၉၇၉ က စတင်ဖွင့်လှစ်ခဲ့ ပြီး ယခု သင်တန်းသား ၁၄၀ နှင့် သင်တန်းသူ ၂၀ တက်ရောက် နေသည်။ တက္ကသိုလ်ဝင်တန်း တက်ရောက်ရန် အဆင့်ရှိသူများ တက်ရောက်နိုင်ပြီး သင်တန်းကာ လ ၂ နှစ်ဖြစ်သည်။ စက်မှုနှင့် နည်းပညာဆိုင်ရာများဖြစ်သော Machine tool Operator, Motor Vehicle, Machinary Filter အပါ အဝင် ဘာသာရပ်ခုနစ်မျိုးကို ဆရာ၊ ဆရာမ ၅၆ ဦးဖြင့် သင် ကြားနေသည်။

ဆင်တဲစက်မှုအထက်တန်း ကျောင်းတွင် နိုင်ငံတော်အစိုးရ သည် ငွေလုံးငွေရင်းဘတ်ဂျက်၊ သာမန်အသုံးစရိတ်ငွေများနှင့် အ ဆောက်အအုံများ အကုန်အကျခံ ပြီး သင်ထောက်ကူပစ္စည်းနှင့် သင်ရိုးညွှန်းတမ်း၊ နည်းပညာများ ကို ဂျာမနီနိုင်ငံက ကူညီဆောင် ရွက်ပေးသည်။

မြန်မာနိုင်ငံတွင် စက်မှုအ ထက်တန်းကျောင်းများကို ဆင် တဲ၊ မန္တလေး၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ သာဂရမြို့နယ်တို့၌ ဖွင့် လှစ်ထားပြီး မုံရွာမြို့နှင့်သထုံမြို့ တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါထောက်ပံ့ကြေးပေးအပ်ပွဲ၌ တာဝန်ရှိသူတစ်ဦးက ပြောသည်။

More in Regional Section