ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်း ပိုလျှံမြေကို ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံများတောင်းဆို

ဂေါက်ကွင်းစီမံကိန်းပိုလျှံမြေကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုနေသော ဒေသခံများ (ဓာတ်ပုံ − စည်သူလင်း)

 မန္တလေးခရိုင် ပုသိမ် ကြီးမြို့နယ် ရောကြည်ရွာတွင် ရေတံခွန်တောင် ဂေါက်ကွင်းစီမံ ကိန်းအဖြစ် သိမ်းယူပြီး အသုံးပြု ခြင်းမရှိသော စီမံကိန်းပိုလျှံမြေကို ပြန်လည်စွန့်လွှတ်ပေးရန် ဒေသ ခံများက ဖေဖော်ဝါရီ ၁၀ ရက် ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် တောင်းဆိုသည်။

ရေကြည်ရွာတွင် ၁၉၉၇ က တောင်သူ ၈၀ ကျော်၏ မြေဧက ၅၄၀ ကျော်ကို ရေတံခွန်တောင် ဂေါက်ကွင်း စီမံကိန်းအဖြစ် သိမ်း ယူခဲ့ရာ စီမံကိန်းဆောင်ရွက် ခြင်းမရှိသော ပိုလျှံမြေ ဧက ၂၅၀ ကိုသိမ်းဆည်းခံ တောင်းသူများ က တောင်းဆိုနေခြင်းဖြစ်သည်။

‘‘ဒီမြေတွေကို သိမ်းယူခဲ့စဉ် အခါကလည်း မြေယာလျော်ကြေး ဆိုပြီး ပေးချေခဲ့တာလည်းမရှိဘူး။ သီးနှံလျော်ကြေးတစ်ဧက ကျပ် ငါးထောင်ပဲပေးခဲ့တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်က ဒီပိုလျှံမြေတွေကို စည် ပင်ရဲဝန်ထမ်းတွေနဲ့ ကုမ္ပဏီတစ် ခုက မြေလာတိုင်းနေတာ။ ဒီမြေ ကစိစစ်ဆဲမြေဖြစ်လို့ ဘာမှလာမ လုပ်ပါနဲ့တားလိုက်ရတယ်။ မြေ သိမ်းခံလိုက်ရတော့ ကျွန်တော် တို့တင်မဟုတ်ဘူး၊ သားစဉ်မြေး ဆက်ပါဒုက္ခရောက်ကုန်တာ။ ကျွန်တော်တို့ကတော့ ဒီပိုလျှံမြေ ကို ပြန်လည်လိုချင်တယ်။ စီမံ ကိန်း အကောင်အထည်ဖော် ဆောင်ထားတဲ့မြေကို မြေယာ လျော်ကြေးလိုချင်ပါတယ်’’ ဟု မြေဧက ၃၀ ကျော်သိမ်းဆည်းခံ ရသူ ဦးမြင့်အောင် ကပြောသည်။

စီမံကိန်းမှ ပိုလျှံမြေများနှင့် ပတ်သက်၍ ဒေသခံတောင်သူ များနေဖြင့် ယခင်အစိုးရလက် ထက်မှစတင်ကာ တောင်းဆိုနေ ခဲ့ပြီး လက်ရှိအချိန်ထိလုပ်ပိုင်ခွင့်မရရှိသေးကြောင်း သိရသည်။

 အဆိုပါ မြေများနှင့် ပတ် သက်၍ လက်ရှိ လယ်ယာမြေပြန် လည်စိစစ်ရေးကော်မတီက စိစစ် နေဆဲဖြစ်ကြောင်း ပုသိမ်ကြီး မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကပြောသည်။