မန္တလေးမြို့ခံလူငယ်နှစ်ဦး မြန်မာနိုင်ငံတွင် တတိယမြောက် စက်တပ်လေထီးစီးသူများဖြစ်လာ

 မြန်မာနိုင်ငံတွင် တတိ ယမြောက် Paramotor (စက်တပ်လေထီး) ပိုင်းလော့များအဖြစ် မန္တလေးမြို့နေ လူငယ်နှစ်ဦးဖြစ် သည့် ကိုမျိုးသက်နောင်နှင့် ကို ငြိမ်းချမ်းသော်တို့သည် ဖေဖော်ဝါ ရီ ၈ ရက်က မန္တလေးမြို့ ရေတံခွန် တောင်ဂေါက်ကွင်းအနီးတွင် ပျံ သန်းခဲ့သည်။

‘‘မြန်မာနိုင်ငံမှာ ပထမဆုံး Paramotor စီးနင်းသူတစ် ယောက်ဖြစ်တဲ့ ကိုဖိုးလုံးက အမြဲ တမ်းပျံနေတော့ ကျွန်တော်တို့ လည်း ပျံကြည့်ချင်တဲ့အတွက် ကြိုးစားကြည့်တဲ့အခါ လုပ်ဖြစ် သွားတာပါ။ ကိုယ်တိုင်ပျံသန်းနိုင် ဖို့အတွက် အချိန်နှစ်လလောက် တော့ ယူပြီးတော့ လုပ်လိုက်ရ တယ်’’ဟု ကိုမျိုးသက်နောင်က ပြောသည်။

Paramotor ပျံသန်းမှုများ သည် နိုင်ငံတကာတွင် အားက စားတစ်ခုအဖြစ် ရေပန်းစား နေသော်လည်း မြန်မာနိုင်ငံ၌ လူအနည်းငယ်သာ စီးနေသေးသဖြင့် ဝါသနာပါသည့် လူငယ်တိုင်း စနစ်တကျလေ့ကျင့်ကာ စီးနင်းနိုင်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပျံသန်းမှုပြုလုပ်ခဲ့သည်။

‘‘မြန်မာနိုင်ငံမှာတော့ နှစ် ယောက်ပဲရှိသေးပါတယ်။ ကိုဖိုး လုံးရယ်၊ ကိုမျိုးညွန့်ရယ်ပေါ့။ ကျွန်တော်တို့က တတိယမြောက် ပေါ့။ အစအဆုံး သူက သင်ပေး တာပါ။ ကျွန်တော်တို့ကတော့ နောက်ပိုင်းမှာလည်း ဆက်ပြီး တော့ စီးနေဦးမှာပဲ’’ဟု ကိုမျိုး သက်နောင်က ပြောသည်။

Paramotor ပျံသန်းရန် လိုအပ်သည့် လေထီးနှင့် အင်ဂျင်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ဝယ်ယူပြီး ကုန်ကျစရိတ် ကျပ်သိန်းသုံးဆယ်ခန့်ရှိကာ လေပေါ်ပျံတက်ရသည့် အားကစား နည်းများတွင် ယင်းအားကစားသည် ကုန်ကျစရိတ် အနည်းဆုံးဖြင့် ပြုလုပ်နိုင်သည့် အားကစားဖြစ်ကြောင်း ၎င်းက ပြောသည်။

More in Regional Section