မန္တလေးတက္ကသိုလ် အနီးရှိ ဆိုင်များ လမ်းပေါ် ကျူးကျော် မရောင်းချရန် သတိပေးပြီး ဆိုင်နှစ်ဆိုင်ကို ယာယီပိတ်သိမ်း

 မန္တလေးတက္ကသိုလ်အ နီးရှိ အမှတ်တရပစ္စည်းအရောင်း ဆိုင်များကို လမ်းမပေါ်နှင့် လမ်း ပလက်ဖောင်းနေရာများတွင် ကျူးကျော်ရောင်းချခြင်းမပြုရန် သတိ ပေးထားပြီး ဆိုင်နှစ်ဆိုင်ကို ယာယီ ပိတ်သိမ်းထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ်ရှိ ၇၃ လမ်း၊ ၃၆ နှင့် ၃၇ လမ်းကြားရှိ ဖန်စီပစ္စည်းဆိုင် သည် လမ်းမပေါ်တွင် ကျူးကျော် ရောင်းချမှုကြောင့် ဖေဖော်ဝါရီ ၆ ရက်က ပထမအကြိမ်သတိပေး သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယအကြိမ် ထပ်မံကျူးကျော် ဖွင့်လှစ်မှုကြောင့် ယာယီပိတ်သိမ်းခဲ့သည်။

 ယင်းဆိုင်နှင့် ကပ်လျက် မျက်မှန်ဆိုင် တစ်ဆိုင်၏ ဆိုင်းဘုတ် LED သည် ပလက်ဖောင်းကို ထွက်၍ကျူးကျော်နေခြင်း၊ ဆိုင်းဘုတ်အခွန်ဆောင်ရန် ကျန်ရှိနေခြင်းတို့ကြောင့် သန့်ရှင်းရေးဌာနက ယာယီပိတ်သိမ်း ခဲ့ကြောင်း ဦးဇော်ဝင်းနိုင်က ပြောသည်။

‘‘ဆိုင်တွေက ဥပဒေစည်း ကမ်းနဲ့အညီ ဆောင်ရွက်ရင် ကျွန် တော်တို့က ဘာမှလုပ်စရာမလို ဘူး။ အခု ၇၃ လမ်းမပေါ်မှာ ရောင်းတဲ့ဆိုင်တွေကိုလည်း မကျူးဖို့ သတိပေးထားတယ်။ ပြည်သူအ နေနဲ့လည်း ဒီလိုကျူးကျော်ရောင်း ချတယ်၊ အများပြည်သူကိုပါ စိတ် အနှောင့်အယှက်ဖြစ်စေတယ်ဆို ရင် သတင်းပေးတိုင်တန်းစေချင် ပါတယ်’’ဟု ၎င်းကပြောသည်။

ဗယ်လင်တိုင်းနေ့အကြို အဖြစ် ရောင်းချသော အမှတ်တရပစ္စည်း အရောင်းဆိုင်များသည် မန္တလေး  တက္ကသိုလ်အနီး ၇၃ လမ်းအပါအ၀င် လမ်း၊ ပလက်ဖောင်းဧရိယာများကို ကျူးကျော်ရောင်းချပါက စည်ပင်ဥပဒေအရ  အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြားသည်။