YBS ယာဉ်စီးရာတွင် မသန်စွမ်းသူများ ကြုံတွေ့ရသည့် အခက်အခဲများကို YRTA ထံ တင်ပြမည်ဟုဆို

မသန်စွမ်းသူများ YBS စီးနင်းရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို YRTA အဖွဲ့ထံ အကြံပြုတင်ပြရန် စီစဉ်ထား ကြောင်း မြန်မာ့ရှေ့ဆောင်နိုင်ငံ ရေးသိပ္ပံအဖွဲ့ အမှုဆောင်ဒါရိုက် တာ ဦးနေလင်းစိုးက ပြောသည်။

 ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)နှင့် မြန်မာ့ရှေ့ဆောင်နိုင်ငံရေးသိပ္ပံအဖွဲ့တို့ ဖေဖော်ဝါရီ  ၁၅ ရက်တွင် တွေ့ဆုံ၍ မသန်စွမ်းသူများအနေဖြင့် ဘတ်စ်ကားစီးရာ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် မှတ်တိုင်များတွင်တွေ့ကြုံရသည့်အခက်ခဲများကို အကြံပြုဆွေးနွေးတင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘတ်စ်ကားများက သတ် မှတ်ထားသော မှတ်တိုင်တွင်မရပ် ဘဲ ကျော်ရပ်ခြင်းကြောင့် အမြင် အာရုံမသန်စွမ်းသူများ၊ ကိုယ် လက်မသန်စွမ်းသူများကြုံတွေ့ နေရသည့် အခက်အခဲများ၊ ဘတ်စ်ကားများ အတက်၊ အဆင်း ပြုလုပ်ရာ၌ လှေကားထစ်ပုံစံရှိနေ ၍ မသန်စွမ်းသူများကြုံတွေ့နေ ရသည့်အခက်အခဲများ၊ ယာဉ် မောင်းသူအချို့၏ပြောဆိုဆက် ဆံရေးကြောင့် ကြုံတွေ့နေရ သည့်အခက်အခဲများကို တင်ပြ မည်ဖြစ်သည်။

  ထို့ပြင် ဘတ်စ်ကားပေါ် တွင် အသံစနစ်ဖြင့် မည်သည့် မှတ်တိုင်ရောက်ရှိကြောင်းကို ကြေညာပေးပါက အမြင်အာရုံ မသန်စွမ်းသူများအတွက် အဆင် ပြေနိုင်ကြောင်းနှင့် နားမကြားသူ များအတွက် ရောက်ရှိမည့်မှတ် တိုင်ကို LED မီးဖြင့် အချက်ပြစနစ်ထားရှိစေရန် အကြံပြုတိုက်တွန်းမည်ဖြစ်ကြောင်း ဦးနေလင်းစိုးက ဆိုသည်။

လက်ရှိတွင် YBS ယာဉ်အ ချို့၌ ရောက်ရှိမည့်မှတ်တိုင်ကို အသံစနစ်ဖြင့် ကြေညာပေးနေသည်။

  အခြားမသန်စွမ်းသူများ ဘတ်စ်ကားစီးရာတွင် ကြုံတွေ့ နေရသည့် အခက်အခဲများကို မြန်မာ့ရှေ့ဆောင်နိုင်ငံရေးသိပ္ပံ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောဆိုနိုင်ကြောင်း ၎င်းကပြောသည်။  ၂၀၁၄ က ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ဖော်ပြ ထားချက်အရ မြန်မာနိုင်ငံ၌ မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်းခန့်ရှိ သည်။