အိန္ဒိယစစ်စခန်းတစ်ခုကို စစ်သွေးကြွများ ဝင်စီးသဖြင့် စစ်သားနှစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ

 ဖေဖော်ဝါရီ ၁၀ ရက် နံနက်က အိန္ဒိယနိုင်ငံ ဂျမ်မူးပြည် နယ် ဆန်ဂျူဝန်ဒေသရှိ စစ်ဘက် စခန်းတစ်ခုတွင် မိသားစုလိုင်း ခန်းများကို အစ္စလာမ်မစ်စစ်သွေး ကြွအဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီး နင်းသဖြင့် စစ်သားနှစ်ဦး သေဆုံး ပြီး အမျိုးသမီးငါးဦးနှင့် ကလေး တစ်ဦး အပါအဝင် ကိုးဦးဒဏ်ရာ ရခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းတိုက်ခိုက်မှုသည် ၎င်း တို့၏ လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်သူပုန်အဖွဲ့ ဂျိုက်ရှိ -အီး- မိုဟာမက်က ကြေညာခဲ့ ပြီး အဆိုပါစီးနင်းမှုတွင် အကြမ်းဖက်သမားသုံးဦး ပစ်သတ်ခံရ သည်။


 ကက်ရှ်မီးယားဒေသကို အိန္ဒိယမှခွဲထုတ်ပြီး ပါကစ္စတန် နှင့် ပေါင်းစည်းရန် အဆိုပါအဖွဲ့ သည် ၂၀၁၄ နောက်ပိုင်း ဂျမ်မူး နှင့် ကက်ရှ်မီးယားရှိ စစ်တပ်အ ပေါ် ကြီးမားသည့် အကြမ်းဖက် တိုက်ခိုက်မှု ၁၄ ခုကို ဦးဆောင်ပြု လုပ်ခဲ့သည်။

 စစ်ဝတ်စုံ ဝတ်ဆင်ထား သော အကြမ်းဖက်သမားများ သည် ရိုင်ဖယ်သေနတ်များ ကိုင် ဆောင်လာပြီး လက်နက်ခဲယမ်း နှင့် လက်ပစ်ဗုံးအမြောက်အမြား ပါလာကြောင်း တာဝန်ရှိသူများ က ပြောသည်။

‘‘ဒီနေ့ ဆန်ဂျူဝန်မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ထိခိုက်ခံစားခဲ့ရတဲ့သူတွေနဲ့ သူ တို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူခံစားရပါတယ်’’ဟု ဂျမ်မူး နှင့် ကက်ရှ်မီးယားပြည်နယ်ဆိုင် ရာ ဝန်ကြီးချုပ် မီဘိုဘာမွတ်ဖ်တီ က တွစ်တာ၌ ရေးသားခဲ့သည်။

ထို့အပြင် ဒဏ်ရာရသူများ ကို ကြည့်ရှုရန် ဆေးရုံသို့ သွား ရောက်သည့် ဓာတ်ပုံများကို မီဘို ဘာမွတ်ဖ်တီက တွစ်တာ၌ ဖော်ပြခဲ့သည်။

အကြမ်းဖက်သမားအကြွင်း အကျန်မှန်သမျှ ရှာဖွေရန် စစ် ဆင်ရေး ဆက်လက်ဆောင်ရွက် နေစဉ် တိုက်ခိုက်မှုဖြစ်ပွားရာ ဧရိ ယာမှ အိမ်ထောင်စု ၁၅၀ ကျော် ကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ထားပြီး ဒေသခံများကို လုံခြုံရာ သို့ ပို့ဆောင်ပေးခဲ့သည်။

‘‘အကြမ်းဖက်သမားတွေအ ကုန်လုံးကို လက်ရဖမ်းဆီး၊ ဒါမှ မဟုတ် မသတ်ဖြတ်နိုင်မချင်း စစ်ဆင်ရေးတွေကို ဆက်လက် ဆောင်ရွက်သွားမှာပါ’’ဟု စစ် တပ်အရာရှိတစ်ဦးက ပြောကြား သည်။

—Ref: UPI