တောင်ကိုရီးယားသမ္မတနှင့် နွေးနွေးထွေးထွေး ဆွေးနွေးခဲ့ကြောင်း မြောက်ကိုရီးယားပြောကြား

တောင်ကိုရီးယားသမ္မတမွန်ဂျေအင်က ကင်ယိုဂျုံအပါအဝင် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနေစဉ် (KCNA/reuters)

 ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ စေလွှတ်ခဲ့သည့် မြောက်ကိုရီးယားကိုယ်စားလှယ် အဖွဲ့သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြသော်လည်း ညီလာခံအတွက် ပြုံယမ်းသို့ သမ္မတမွန် လာရောက်ရေး မြောက်ကိုရီးယား၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ ဖော်ပြခြင်းမရှိ ပေ။

တောင်ကိုရီးယားသို့ သွား ရောက်သည့် အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့သည် ယင်း သို့ နွေးနွေးထွေးထွေး ဆွေးနွေးခဲ့သော်လည်း ဆက်ဆံရေးတိုး တက်ရေး မြောက်ကိုရီးယား၏ ရိုးသားမှုနှင့်ပတ်သက်၍ နက်ရှိုင်း သော အယုံအကြည်ကင်းမဲ့မှုများ ရင်ဆိုင်နေရဆဲဖြစ်သည်။


ကင်ဂျုံအန်၏ညီမ ကင်ယို ဂျုံသည် စနေနေ့က တွေ့ဆုံမှုအ တွင်း မွန်ထံသို့ မြောက်ကိုရီးယား ခေါင်းဆောင်ကပေးသော ပုဂ္ဂိုလ် ရေးစာတစ်စောင် လွှဲပေးခဲ့ပြီး မွန်ကို ၎င်း၏အစ်ကိုက ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်ဟု KCNA သတင်းက ဖော်ပြသည်။

 စနေနေ့က တောင်ကိုရီး ယား သမ္မတအိမ်တော်တွင် မွန် လက်ခံကျင်းပသော ဆွေးနွေးမှု များနှင့် နေ့လယ်စာစားပွဲ၌ ကင်ဂျုံအန်နှင့် ဆွေးနွေးရေး မွန်ကို ပြုံယမ်းသို့ ဖိတ်ခေါ်ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိများက ပြောသည်။

ယင်းကဲ့သို့ ဆွေးနွေးပွဲ ကျင်းပဖြစ်ပါက ယင်းမှာ ၂၀၀၇ နောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံကြား ပထမဆုံးတွေ့ဆုံဆွေးနွေးမှု ဖြစ် လာမည်ဖြစ်သည်။

မြောက်ကိုရီးယား နျူလက်နက်စီမံကိန်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားကို အထီးကျန် ဖြစ်အောင်လုပ်ရေး အမေရိကန်၊ တောင်ကိုရီးယားနှင့်  ဂျပန်တို့က သဘောတူညီထားကြောင်း တောင်ကိုရီးယားမှ ဝါရှင်တန်သို့ ပြန်လည်ထွက်ခွာခဲ့သည့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်က ပြော သည်။

 ကိုရီးယားကျွန်းဆွယ်တွင် နျူကင်းစင်ရေးဆီသို့ ဦးတည်ခြင်းမရှိပါက ဆွေးနွေးမှုများ အဓိပ္ပာယ် ရှိမည်မဟုတ်ဟု တောင်ကိုရီးယား အတိုက်အခံပါတီနှင့် ဂျပန်မီဒီယာများက ဖော် ပြသည်။

—Ref: Reuters