အိမ်သာထဲ၌ ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုသော တရုတ်အမျိုးသားတစ်ဦး အူမကြီးကျွံကျ

တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးသည် အိမ်သာထဲတွင်လက်ကိုင်ဖုန်းကို နာရီဝက်ကြာ အောင် ဂိမ်းကစားပြီးနောက် အူမ ကြီးကျွံကျမှု ဖြစ်နေကြောင်း မီဒီ ယာများက ဖော်ပြသည်။

ယင်းသတင်းများတွင် မည် သူမည်ဝါဖြစ်ကြောင်း ဖော်ပြထား ခြင်းမရှိသည့် အဆိုပါအမျိုးသား သည် တနင်္ဂနွေနေ့က ဂွန်ဒေါင်း ပြည်နယ် ဇွန်ရှန်မြို့ရှိ ဆွန်ယက် ဆင်တက္ကသိုလ် အရေးပေါ်ဌာန ၌ ဆေးကုသမှုခံယူခဲ့ရကြောင်း Kan Kan News သတင်းက ဖော် ပြသည်။


၎င်းသည် နံနက် ၁ နာရီခန့် တွင် ဆေးရုံတက်ခဲ့ပြီး ကိုယ်တိုင် လမ်းမလျှောက်နိုင်သဖြင့် သူငယ် ချင်းတစ်ဦး အကူအညီဖြင့် ရောက်လာကြောင်း Sina.cn သတင်း ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ယင်းအမျိုးသား၏ စအိုဝမှ ကျွံထွက်နေသော အူမကြီးအရှည် သည် ၁၆ စင်တီမီတာအထိရှိ ကြောင်း ယင်းသတင်းက ဖော်ပြ သည်။

၎င်းသည် အိမ်သာတက်ချိန် တွင် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုလေ့ရှိကြောင်း ဖော်ပြ သည်။

အူမကြီးသည် အပြင်ဘက် သို့ ကျွံကျလာပြီး အခြေအနေပို ဆိုးလာပါက စအိုမှအပြင်သို့ ရှည်ထွက်လာသည်။

ဆရာဝန်များ ပြောကြားချက် အရ ယင်းအခြေအနေကို ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကြား အထူးသဖြင့် ကြုံတွေ့ရမှု ပိုများကြောင်း Kan Kan News က ဖော်ပြသည်။

 ၎င်းတက်ရောက်ကုသနေ သော ဆေးရုံမှ ဒေါက်တာဆူဒန် က အူမကြီးကျွံထွက်မှု အများစု သည် ပြန်ဝင်နိုင်သော်လည်း ၎င်း အမျိုးသားသည် အသက် (၄)နှစ် အရွယ်ကစ၍ ယင်းအခြေအနေ နှင့် ကြုံတွေ့ခဲ့ရကြောင်း ဆိုသည်။

ဆရာဝန်များက ရှည်ထွက် နေသောအပိုင်းကို ဖယ်ရှားပြီး နှစ်ရက်အကြာတွင် ၎င်းအမျိုးသားသည် လမ်းလျှောက်နိုင်ခဲ့ သည်။                

—Ref: CNA