နိုင်ငံတကာသတင်းတိုများ

ဆီးရီးယားစစ်ပွဲ၏ အဆိုးရွားဆုံး သွေးထွက်သံယိုမှုများအနက် အချို့တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း သူပုန်များ ထိန်းချုပ် ရာ နယ်မြေများ၌ ဆီးရီးယားအစိုးရနှင့် ရုရှားလေကြောင်းတိုက် ခိုက်မှုများတွင် အရပ်သား ၂၃၀ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးထိပ်တန်းအရာရှိက ပြောကြားပြီး ယင်းမှာ စစ်ပွဲအတွင်း ပြစ်မှုကျူးလွန်မှုမြောက်သော အချင်းအရာ များလည်း ပါဝင်သည်ဟုဆိုသည်။


တရုတ်နိုင်ငံ ဘေဂျင်းမြို့လယ်တွင် လူကြိုက်များသော ဈေးဝယ် စင်တာတစ်ခု၌ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ကျင်းပနေသော ဒေသဆိုင်ရာ ရွေးကောက် ပွဲများ၌ သမ္မတဟောင်း မဟင်ဒါရာဂျာပက်ဆာ ထောက်ခံသော နိုင်ငံရေးပါတီက အပြတ်အသတ်အနိုင်ရရန် အလားအလာ ကောင်းနေပြီး ယင်းမှာ လက်ရှိအာဏာရ ညီညွတ်ရေးညွန့်ပေါင်းအစိုးရနှင့် ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သည်ဟု ဆိုသည်။