အစိုးရကို ဝေဖန်မှုရှောင်ရှားခဲ့သော်လည်း တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်ကို အကြံပြုသည့် ရှုထောင့်မှ ရပ်တည်ရန်လိုအပ်လာဟု ဦးကိုကိုကြီးပြောကြား

လူပုဂ္ဂိုလ် ပါတီအဖွဲ့အ စည်းတစ်ခုကို ဝေဖန်ခြင်းထက် တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ် ထိုက်သော အကြံပြုသည့် ရှု ထောင့်တစ်ရပ်မှ ရပ်တည်ရန် လိုအပ်လာပြီဖြစ်ကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မ တီ ဦးဆောင်အဖွဲ့တာဝန်ခံ ဦးကို ကိုကြီးက ပြောသည်။


နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီ၏ မန္တလေးတိုင်း ဒေသကြီး (စည်းရုံးရေးကော်မတီ) ရုံးဖွင့်ပွဲကို ယမန်နေ့က မန္တလေးမြို့၌ပြုလုပ်စဉ် ၎င်းက ယင်းသို့ပြောကြားသည်။

‘‘ကျွန်တော်တို့ မကြိုက်တဲ့ လူဟောင်း၊ စနစ်ဟောင်းတွေကို ဖယ်ရှားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုး ရကို ဝေဖန်တယ်၊ တိုက်ခိုက်တယ် ဆိုတာမျိုးဖြစ်မှာစိုးလို့ ရှောင်ရှား ခဲ့တယ်။ အခုချိန်မှာတော့ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းတစ်ခု ကို ဝေဖန်မယ်ဆိုတာထက် တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်တာကိုအကြံပြုတဲ့ ရှုထောင့်ကနေရပ်တည်ဖို့လိုလာပြီလို့မြင်တယ်’’ဟု ဦးကိုကိုကြီးကပြောသည်။

ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းကို တိုက်ခိုက်ရေး လုပ်လေ့မရှိ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

လုပ်ဖော်ကိုင်ဖက် အချင်း ချင်း မကျေနပ်ပါက နဖူးတိုက်၊ ဒူးတိုက် ငြင်းဆိုဆွေးနွေးပြီး အောက် လုံးများအသုံးပြု၍ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းကို သဘောမတူ ကြောင်းနှင့် နိုင်ငံရေးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမ ဟုတ်ကြောင်း ဦးကိုကိုကြီးက ဖြည့်စွက်ပြောကြားသည်။

လက်ရှိ နိုင်ငံရေးနှင့်ပတ် သက်၍ နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီဝင် နိုင်ငံရေးအ ကျဉ်းသားဟောင်း ဦးရွှေထူးက ‘‘လူသတ်ကောင်တွေကို အားပေး တဲ့ အဖွဲ့ပေါ်လာတယ်။ ဘယ် နိုင်ငံမှ မရှိဘူး။ တစ်ဖက်မှာ ပြည် တွင်းငြိမ်းချမ်းရေးက အထစ်ထစ် အငေါ့ငေါ့ဖြစ်နေတယ်။ ကျွန် တော်တို့ အရေးတော်ပုံကြီး ပါဝင် ဆင်နွှဲတဲ့အခါမှာ အနောက်ဒီမိုက ရေစီနိုင်ငံတွေက အင်နဲ့အားနဲ့ အားပေးခဲ့ကြတယ်။ ဒါပေမဲ့ အခု အနောက်ဒီမိုကရေစီနိုင်ငံတွေက ပဲ ဒုက္ခရောက်ရာရောက်ကြောင်း အမျိုးမျိုး လုပ်လာကြတယ်။ တရားဥပဒေစိုးမိုးရေး အားနည်း နေတဲ့အချိန်၊ နိုင်ငံတကာက ဝိုင်း ဝန်းဖိအားပေးတဲ့အချိန်မှာ ကျွန် တော်တို့ပါတီ ပေါ်ပေါက်လာရ တာဖြစ်တယ်။ တော်တော်ရုန်းကြ ရမယ်’’ဟု ပြောကြားသည်။

ဦးကိုကိုကြီး ဦးဆောင်ဖွဲ့ စည်းတည်ထောင်သည့် နိုင်ငံရေး ပါတီဖြစ်မြောက်ရေးကော်မတီ၏ မန္တလေးတိုင်းဒေသကြီး (စည်းရုံး ရေးကော်မတီ) ရုံးဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်က ၃၅ လမ်းရှိ ဆန်း ရိုက်ဟိုတယ်တွင် ကျင်းပခဲ့သည်။

ဦးကိုကိုကြီး ဦးဆောင်သော ရှစ်လေးလုံးပါတီသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၁၆ ရက်က နေပြည် တော် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တွင် မှတ်ပုံတင်ထား ပြီးဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအ တွက် ရည်ရွယ်သော ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် အာဏာရပါတီ ဒီချုပ်နှင့်သာ မက ပြည်ခိုင်ဖြိုးနှင့်ပါ အားစမ်း နိုင်မည်ဖြစ်သည်။