မွန်နှစ်ပါတီပေါင်းစည်းရေး ရေးမြို့ခံများကို ပါတီခေါင်းဆောင်များ ရှင်းပြ

မွန်နှစ်ပါတီပေါင်းစည်းရေး လူထုထံ ရှင်းလင်းပွဲသို့ တက်ရောက်လာသော ပါတီခေါင်းဆောင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ပါတီတစ်ခုတည်းအဖြစ် မကြာမီ ပေါင်းစည်းတော့မည့် မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) တို့ ပေါင်းစည်းရေး နှင့်ပတ်သက်သည့် ရှင်းလင်းပွဲ တစ်ရပ်ကို ရေးမြို့၌ ပြုလုပ်ခဲ့ သည်။


ဖေဖော်ဝါရီ ၁၁ ရက်က ပြု လုပ်ခဲ့သည့် ယင်းရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဒေသခံ ပြည်သူများကို နှစ်ပါတီခေါင်း ဆောင်များက ပါတီပေါင်းစည်း ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းပြခဲ့ပြီး ဒေသခံပြည်သူ ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

မွန်အမျိုးသားပါတီနှင့် မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ သည် တစ်ပါတီတည်းအဖြစ် ပေါင်းစည်းနိုင်ရေး ပါတီနှစ်ခု၏ ဖွဲ့စည်းပုံစည်းမျဉ်းများအား ယခု လ ၁၆ ရက်တွင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမည် ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များကို ရေးမြို့ ဒေသခံများအား ရှင်းပြခဲ့ခြင်းဖြစ် ကြောင်း မွန်အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်က ပြောသည်။

‘‘ပါတီနှစ်ခုပေါင်းဖြစ်ဖို့က ၁၀၀ ရာခိုင်နှုန်း သေချာသွားပါ ပြီ။ ဒီလထဲမှာတောင် ပေါင်းဖြစ် သွားနိုင်ပါတယ်။ ဒီနေ့ တွေ့ဆုံပွဲ ကို လာကြတဲ့ပြည်သူတွေက ပေါင်းစည်းရေးကို လှိုက်လှိုက်လှဲ လှဲ ကြိုဆိုကြပါတယ်’’ဟု ၎င်းက ဆိုသည်။

ပေါင်းစည်းရေးလုပ်ငန်းများ ကို အင်တိုက်အားတိုက် ဆောင် ရွက်မည်ဖြစ်ကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက် အထွေထွေအတွင်းရေး မှူး နိုင်စံတင်က ပြောသည်။

နှစ်ပါတီ ထိပ်ပိုင်းခေါင်း ဆောင်များ တွေ့ဆုံရာတွင် ပါတီ နှစ်ခု၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်း မည်ဖြစ်ပြီး ပြင်ဆင်သင့်ပါက ပြင် ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ မွန်ပါတီနှစ်ခုသည် ပါတီတစ်ခုတည်းအဖြစ် မပေါင်း စည်းနိုင်မီ ကာလတွင်လည်း ပူးပေါင်းဆောင်ရွက်၍ရသည့် လုပ်ငန်းများအားလုံးကို ပူးပေါင်း လုပ်ဆောင်မည်ဟု နှစ်ဖက်ပါတီ ခေါင်းဆောင်များက ပြောထား သည်။

မွန်ပြည်နယ်တွင် မွန်အမျိုး သားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် အမျိုးသမီး ပါတီ (မွန်)ဟူ၍ မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေး ပါတီသုံးခုရှိနေသည်။

၂၀၁၄ ရွေးကောက်ပွဲအ တွင်း မွန်အမျိုးသားပါတီသည် မဲဆန္ဒနယ် ၃၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က မဲဆန္ဒနယ် ၃၅ နေရာ ယှဉ်ပြိုင်ရာတွင် ပြည်နယ်လွှတ်တော်တစ် နေရာသာ အနိုင်ရရှိခဲ့သည်။

၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင် လစ်လပ်နေသည့် ချောင်းဆုံမဲဆန္ဒနယ်၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မွန်ပါတီ နှစ်ခုစလုံး အနိုင်ရရှိခြင်းမရှိဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကသာ အနိုင်ရရှိခဲ့ သည်။