■ အားကစား သတင်းတိုများ

မန်ယူနည်းပြမော်ရင်ဟိုက မိမိသည် ပရီးမီးယားလိဂ်တွင် တုံ့ပြန်ပြုမူပုံ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ယုံကြည်ကြောင်းပြောသည်။


ပေါ်တူဂီအသင်းသည် ယူအီးအက်ဖ်အေဖူဆယ်ယူရိုဖလားကို ပထမဆုံးအကြိမ်အဖြစ် စပိန်ကိုနိုင်ကာရရှိပြီး ရီကာဒင်ဟိုသည် ခုနစ်ဂိုးအထိသွင်းကာ တစ်ဦးချင်းဆုအားလုံး သိမ်း ပိုက်ခဲ့သည်။

လက်စတာတိုက်စစ်မှူး ဗာဒီသည် မန်စီးတီးကို ၅-၁ ဂိုးဖြင့်ရှုံးသောပွဲတွင် တစ်ဂိုးသွင်းယူမှုနှင့်အတူ တစ်ရာသီတည်း ထိပ်တန်းအသင်းများအားလုံးကို သွင်းယူနိုင်သော ကစား သမားအဖြစ် စံချိန်တင်ခဲ့သည်။

ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီသည် စနေနေ့က ဘောလုံးပြန်ကစားနိုင်ပြီဖြစ်ကြောင်း အသင်းဆရာဝန်များက အတည်ပြုသော်လည်း ၎င်းကို အရဲစွန့်၍ ကစားခိုင်းမည်မဟုတ်ကြောင်း ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ပြောသည်။

ရီးရဲလ်နောက်ခံလူ ကာဗာဂျယ်က မိမိတို့အတွက် ယခုရာသီဖလားရရေးသည် ချန်ပီယံလိဂ်တွင်သာရှိတော့သည်ဟုပြောပြီး ပီအက်စ်ဂျီကို ဦးစွာဖြတ်ကျော်နိုင်ရန် အရေးကြီးကြောင်း ပြောသည်။

မန်ယူနည်းပြမော်ရင်ဟိုက အသင်းမှထွက်တော့မည်ဟု သတင်းထွက်ပေါ်နေသော ဂိုးသမားဒီဂီယာသည် အခြားသို့ပြောင်းရွှေ့မည်မဟုတ်ဟုပြောကာ ယင်းသတင်းများကို ပယ်ချ ခဲ့သည်။