နယူးကာဆယ်ကို မန်ယူရှုံးနိမ့်

 ပရီးမီးယားလိဂ် ဒုတိယ နေရာရှိ မန်ယူသည် အဝေးကွင်း တွင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ ပြီး ထိပ်ဆုံးရှိ မန်စီးတီးနှင့် ၁၆ မှတ်ကွာဟခဲ့သည်။ နယူးကာဆယ် ကမူ ပြီးခဲ့သည့်နှစ် အောက်တို ဘာနောက်ပိုင်း ပထမဆုံး အိမ် ကွင်းနိုင်ပွဲနှင့်အတူ တန်းဆင်းဇုန် မှ ရုန်းထွက်ကာ နံပါတ် (၁၃) နေ ရာသို့ တက်လှမ်းလာသည်။

 မတ်ရစ်ချီ၏ တစ်လုံးတည်း သောဂိုးဖြင့် အနိုင်ရခဲ့သောပွဲ တွင် မန်ယူအသင်းသည် အခွင့် အရေး အများအပြား အသုံးမချ နိုင်ခဲ့ပေ။   နယူးကာဆယ်တွင် ပထမဆုံး ပါဝင်ကစားသော ဂိုး သမား မာတင်ဒူဘရက်ကာက လည်း အကောင်းဆုံးလက်စွမ်းပြ ခဲ့ပြီး ဂျက်ဆီလင်းဂက်၊ မာရှယ် နှင့် အက်ရှ်လေယန်းတို့၏ အပိုင် ကန်သွင်းချက်များကို ကာကွယ် နိုင်ခဲ့သည်။


‘‘ကျွန်တော်တို့ အထနှေးခဲ့ ပေမယ့်လည်း ပွဲချိန်အလယ် လောက်မှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးရခဲ့သင့်တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ မသေမသပ်နဲ့ပေး လိုက်ရတဲ့ဂိုးအတွက် ပေးဆပ် ခဲ့ရတယ်’’ ဟု မန်ယူနောက်တန်း လူ ဖီးလ်ဂျုန်းက ပြောသည်။

‘‘သူတို့က တိရစ္ဆာန်တွေလို တိုက်ပွဲဝင်ခဲ့တယ်။ ဒီလိုပြောတာ သူတို့ကို ချီးကျူးတာလို့ မှတ်ယူ မယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်။ ဒီကနေ့မှာ ဘောလုံးရဲ့ အရှင်သခင်တွေက သူတို့ဘက် မှာ ရှိနေပါတယ်’’ ဟု မန်ယူနည်း ပြမော်ရင်ဟိုက ပြောသည်။

  နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကမူ ဂိုးသမား မာ တင်ဒူဘရက်ကာ အနေဖြင့် ယနေ့ ည  ထီထိုးသင့်ပြီး ထီပေါက် ကိန်းရှိသည်ဟု နောက်ပြောင် ပြောဆိုကာ ယခုနိုင်ပွဲကြောင့် မိမိတို့အသင်းလက်ကျန် ရာသီ အတွက် ယုံကြည်မှုရှိလာကြောင်း ပြောကြားသည်။ ထို့နောက် မိမိတို့အဖွဲ့သားများက အသင်း လိုက်စုစည်းမှု ပြသခဲ့ပြီး ဘော လုံးတိုင်းအတွက် တိုက်ပွဲဝင်ခဲ့ ကာ အနိုင်ရရှိရန် ဆန္ဒပြင်းပြမှုကို ပြသခဲ့ကြောင်း ဘင်နီတက်ဇ်က ပြောသည်။

—Ref:BBC