နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြား ရေးနှင့်  ဓနသဟာယရေးရာဝန် ကြီး မစ္စတာဘောရစ်ဂျွန်ဆင်အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာသူများကို ပြန် လည်လက်ခံရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ အပါအဝင် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ်တိုး တက်မှု အခြေအနေများကို ဆွေး နွေးခဲ့ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

မွန်းလွဲပိုင်းတွင် ဗြိတိန်နိုင်ငံ ခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီးသည် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်း မြတ်အေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်သည်။

‘‘သူတို့လာတာ အပြုသ ဘောနဲ့  လာတာပြောတယ်။ နောက်ပြီး အမျိုးသမီးများနဲ့ ကလေးများအတွက် ဖွံ့ဖြိုးတိုး တက်မှု အကြံပေးပုဂ္ဂိုလ်လည်းပါ လာတယ်။ အဲဒါတွေ  ပူးပေါင်း ဆောင်ရွက်ဖို့ ပြောတယ်။ ကျွန် တော်တို့လုပ်နေတဲ့ လုပ်ငန်းကို လည်း ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်ဆိုတာကို သူတို့သိ တယ်။ သူတို့အနေနဲ့ ကူညီဖို့ရှိပါ တယ်လို့ ပြောတယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက  7Day Daily သတင်းစာအား ပြောသည်။

ဆက်လက်၍ ၎င်းတို့သည် စစ်တွေမြို့မှ အစ္စလာမ်ဘာသာ ဝင်များ နေထိုင်သည့် မောင်တော မြို့နယ်ပန်းတောပြင်ကျေးရွာသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိပြီး ကျေးရွာသား များနှင့် သီးခြားတွေ့ဆုံ၍ ကျေးရွာ မီး လောင်မှုဖြစ်စဉ်နှင့် နိုင်ငံတော်က ပံ့ပိုးကူညီပေးမှုများကို လွတ် လပ် စွာ တွေ့ဆုံမေးမြန်းကြောင်း သ တင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ဆက်လက်၍ ဗြိတိန်နိုင်ငံ ခြားရေးနှင့် ဓနသဟာယဝန်ကြီး နှင့် အဖွဲ့သည် ကုန်းလမ်းမှ ပြန် လည် ဝင်ရောက်လာမည့်သူများ ကို ယာယီလက်ခံမည့် တောင်ပြို လက်ဝဲ ယာယီလက်ခံရေးစခန်း သို့ ရောက်ရှိပြီး တာဝန်ရှိသူများ က ပြန်လည်နေရာချထားရေး မြန်မာအစိုးရ စီစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

တာဝန်ရှိသူများသည် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် မြန်မာ နိုင်ငံဘက်မှ ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်ကစတင်၍ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူ များအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်း၊ ရေလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူ များအတွက် ငါးခူရ ယာယီလက်ခံ ရေးစခန်းတို့ကို ဖွင့်လှစ်ထားရှိမှု၊ စိစစ် အတည်ပြုပြီးသူများအား ခေတ္တတည်းခိုနေထိုင်ရန် လှဖိုး ခေါင်ကြားစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြော ကြားသည်ဟုဆိုသည်။

မစ္စတာဘောရစ်ဂျွန်ဆင်သည် တောင်ပြိုလက်ဝဲရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်ကြည်ရေး တံတားသို့ သွားရောက်လေ့လာခဲ့ သည်။ ယင်းနောက် စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာကာ စစ်တွေမြို့ ရှိ ပြည်သူ့ဆေးရုံသို့ သွားရောက် လေ့လာပြီး နေပြည်တော်သို့ ပြန် လည်ထွက်ခွာခဲ့သည်။

ဘောရစ်ဂျွန်ဆင် မတိုင်မီ ဂျပန်နိုင်ငံခြားရေးဝန်ကြီးလည်း မောင်တောသို့ ရောက်ရှိခဲ့သေး သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သည် မြန်မာခရီးစဉ်မတိုင်မီ ဘင်္ဂ လားဒေ့ရှ်သို့ ပြီးခဲ့သည့် ရက်ပိုင်း က ဝင်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် မစ္စစ်ရှိတ်ဟာဆီနာ၊ နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက်အလီတို့နှင့် သီးခြားစီတွေ့ဆုံပြီး  ရခိုင်ပြည် နယ်မှ  နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်သူများအရေး ဆွေး နွေးခဲ့ကြောင်း ဒါကာအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

နိုင်ငံခြားရေးဝန်ကြီး ဘော ရစ်ဂျွန်ဆင်သည် မြန်မာနိုင်ငံခရီး စဉ်အပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်နှင့် တွေ့ဆုံမည်ဖြစ်သ ကဲ့သို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ရေး ကော်မတီအကြံ ပေးအဖွဲ့ခေါင်းဆောင် ဆူရာကီ ရတ်ဆာသီယာထိုင်းနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ဘောရစ်ဂျွန်ဆင်သည် ၂၀၁၇ ဇန်နဝါရီတွင် မြန်မာနိုင်ငံ သို့ လာရောက်ပြီး ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ   ဒီမိုကရေစီကူး ပြောင်းမှုဖြစ်စဉ် မပြီးဆုံးသေး ကြောင်းနှင့် မိတ်ဆွေနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံကို အပြည့်အဝကူ ညီထောက်ပံ့ရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

More in News Section