ပြည်ထောင်စု၏ တံခါးပေါက်များ

(၁)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ နေရပ်ပြန် ကြသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ် နေကြောင်းနဲ့ စားရေးသောက်ရေး အခက်အခဲ၊ တောထဲတောင်ထဲ မသွားရဲ၊ တိုက်ပွဲတွေဖြစ်နေဆဲ သတင်းများက (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အမီ ပြည်တွင်း စစ်ရေးဆိုင်ရာနောက်ဆုံးသတင်း ဖြစ်ပါတယ်။

ပြည်ထောင်စုရဲ့ အရှေ့၊ အ နောက်၊ တောင်၊ မြောက်ထောင့် တွေ၊ အကွေ့တွေပါမကျန် နယ်စပ်စည်းရိုးများရဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးပါ။ ငြိမ်း ချမ်းခြင်း၊ မငြိမ်းချမ်းခြင်းအနေအ ထားဟာ ပြည်ထောင်စုရဲ့ အဓိပ္ပာယ်ကို အတိုးအလျှော့ဖြစ်စေပါ တယ်။ အထူးသဖြင့် ဒေသခံတွေ အတွက် အဘက်ဘက်မှာ ထိခိုက်နစ်နာဆုံးရှုံးစေပါတယ်။ ပြည် ထောင်စုဆိုတာကိုတောင် တချို့ က ယုံကြည်မှုမရှိချင်ကြတော့ ဘူး။

၂၀၁၈ ခုနှစ် (၇၁) နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားဦး တည်ချက်လေးရပ်ထဲမှာ ‘တိုင်း ရင်းသားစည်းလုံးညီညွတ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင် မြင်အောင် တည်ဆောက်ရေး’ဆို တာကို နောင်နှစ်နောင်နှစ်ဦးတည်ချက်တွေထဲမှာ ဆက်ပြီးပါမနေဖို့ ၀ိုင်းဝန်းအဖြေရှာကြရမယ် ထင် ပါတယ်။

(၂)

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တွေမှာ ပြည်ထောင်စုရဲ့ ကုန်းမြေတံခါးပေါက်များတည်ရှိနေပါ တယ်။ တံခါးပေါက်တိုင်းဟာ ပြည်ထောင်စုနဲ့ အိမ်နီးချင်းနိုင်ငံ တွေကို ချိတ်ဆက်ပေးထားပါ တယ်။ အဲဒီပြည်ထောင်စုရဲ့ တံခါးပေါက်တွေကို ပိတ်ထားဖို့ မဖြစ် နိုင်သလို ခက်ခက်ခဲခဲ၊ ထိတ်ထိတ်လန့်လန့်သွားလာနေကြရတာမျိုး လည်း မဖြစ်စေသင့်တော့ပါဘူး။

၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက် ည ပင်လုံမြို့ စော်ဘွားများ ထမင်း စားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း က ‘‘ကျွန်တော် ဒီကိုရောက်လာ တဲ့ကိစ္စ နားလည်တာတစ်ခုရှိပါ တယ်။ ဘာလဲဆိုရင် မြန်မာပြည် ကြီး လွတ်လပ်စေချင်တယ်၊ ညီ ညွတ်စေချင်တယ်၊ ကြီးပွားစေချင် တယ်၊ ဒီဟာပါပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင်ဘယ်လိုလုပ်ရမလဲဆို တာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကစပြီး ကြိုးစားလာပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ ယခုနားလည်ထားကြဖို့အချက် က ယခုခေတ်ကမ္ဘာကြီး၏ အခြေ မှာ ဘယ်တိုင်းပြည်မဆို ကိုယ့် တိုင်းပြည်တစ်ပြည်တည်း အထီး တည်းနေနိုင်တဲ့ အခြေမျိုးမရနိုင် ဘူး။ တစ်ပြည်နဲ့ တစ်ပြည်ပေါင်း စပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆို တဲ့အချက်ပါ’’လို့ ပြောခဲ့ကြောင်း သိရပါတယ်။

လွတ်လပ်ပြီးနောက်ပိုင်း ညီ ညွတ်ဖို့၊ ကြီးပွားဖို့ ကြံဆရုန်းကန် နေကြရဆဲ။ တစ်နည်းအားဖြင့် ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးဖို့ လိုအပ်နေဆဲ။ နိုင်ငံရေး၊ လူမျိုးရေး၊ သဘာဝ သယံဇာတအရေးတွေကို ရည် ရွယ်ချက်နည်းလမ်းမျိုးစုံနဲ့ လွဲမှား စွာအသုံးချခဲ့ကြတာကြောင့် ပြည် ထောင်စုတစ်ပြေးညီအေးချမ်းတိုး တက်ရေးအတွက် အဟန့်အတား တွေကြုံတွေ့နေကြရဆဲ။ ပြည် ထောင်စုရဲ့ နယ်စပ်တွေမှာ အပစ် အခတ်တွေရပ်ဖို့ အိပ်မက်မက်နေ ကြရဆဲ။

(၃)

ပြည်ထောင်စုရဲ့ နယ်စပ် တံခါးတစ်ပေါက်ဖြစ်တဲ့ မူဆယ် မြို့သို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက် က ရောက်ခဲ့ပါတယ်။ ဟိုဘက်ဒီ ဘက် နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန် ဖလှယ်မှု စီးပွားရေးလုပ်ငန်းများ ဆိုင်ရာအခက်အခဲ၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေး၊ နည်း ပညာ၊ ဥပဒေဆိုင်ရာနဲ့ အုပ်ချုပ် မှုပိုင်းဆိုင်ရာအားနည်းချက်တွေ ကို ကြားခဲ့၊ သိခဲ့၊ မြင်ခဲ့ကြရပါ တယ်။

နယ်စပ်တံခါးဟာ ကိုယ့် တိုင်းပြည်အတွက် ၀င်ပေါက်လား၊ ထွက်ပေါက်လား၊

ဘာတွေဝင်လို့ ဘာတွေထွက်နေသလဲ စဉ်းစားရမယ့်အခြေအနေ ဖြစ်နေပါပြီ။ လူသားအရင်းအ မြစ်၊ နည်းပညာအရည်အသွေး၊ ဒေသတွင်းတည်ငြိမ်မှုတွေ ချည့်နဲ့နေသမျှတော့ နယ်စပ်တံခါး တွေရဲ့ ကြံ့ခိုင်ရေးဟာ မျက်နှာငယ်နေရဦးမှာပါပဲ။ နယ်စပ်တံခါး တိုင်းဟာ ကိုယ့်တိုင်းပြည်အတွက် ၀င့်ဝင့်ကြွားကြွား ဖြစ်နေရမှာပါ။

သီးနှံတွေ၊ သယံဇာတတွေ၊ လူတွေ စာရင်းဇယားမရှိ ထွက် သွားနိုင်တာလည်း ဒီနယ်စပ်တံခါးတွေပါပဲ။ တခြားတိုင်းပြည်ကနေ တရားမ၀င် ၀င်ချင်ရာဝင်လာနိုင် တာလည်း ဒီနယ်စပ်တံခါးတွေပါ ပဲ။ ကောင်းမွန်သောစနစ်၊ ထိ ရောက်သောစနစ်၊ ပြည်ထောင်စု စနစ်များနဲ့သာ ဒီနယ်စပ်တံခါး တွေရဲ့ အရှိန်အ၀ါကို ကြီးမားမြင့် တက်စေမှာပါ။ နယ်စပ်တံခါးတွေ ဟာ ပြည်ထောင်စုကြီးအတွက် ဖြစ်နေရမှာပါ။

(၄)

ဒေသအသီးသီးမှာ ပြည် ထောင်စုသားတွေ ပေါင်းစပ်နေ ကြတာပါ။ မျိုးနွယ်စုတွေ တွဲယှက် နေကြတာပါ။ ကိုးကွယ်ရာ၊ ယုံ ကြည်ရာ၊ ယဉ်ကျေးမှုအစဉ်အ လာတွေ အတူတကွ တွေ့ကြရ တာပါ။ ပင်ကို ရိုးသားအေးချမ်း တဲ့ ပြည်ထောင်စုသွေးသားတွေ မှာ ခမ်းနားထည်ဝါတဲ့ သမိုင်းအ စဉ်အလာများစွာ အထင်အရှားရှိ ခဲ့ပါတယ်။ ရေရှည်တည်တံ့ခိုင်မာ တဲ့ ပြည်ထောင်စုနိုင်ငံတော်ဆို တာ မတူကွဲပြားမှုများ အတူစု စည်းထားနိုင်မှ အဓိပ္ပာယ်ပြည့် ပြည့်၀၀ရှိမှာပါ။

ကစဥ့်ကလျားနဲ့ နေရပ်စွန့် ခွာထွက်ပြေးနေကြရတဲ့ ပြည် ထောင်စုတိုင်းရင်းသား ပြည်သူ များကို ငဲ့ညှာထောက်ထားသော အားဖြင့် လက်နက်ကိုင်ပစ်ခတ် မှုတွေ ရပ်ကြပါ။ ကိုယ်ကျိုးစီးပွား လက်ဝါးကြီးအုပ်မှုများ ရပ်ကြပါ။ အဓမ္မနိုင်ငံရေးဖန်တီးလှုံ့ဆော်မှု များကို ရပ်ကြပါ။ ပြည်ထောင်စု ဆိုတဲ့ အင်အားနဲ့ တခြားနိုင်ငံတွေ အကြား ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်နိုင်အောင်ကြိုးပမ်းကြပါ။ ပြည်ထောင်စုစနစ်ကို ၀န်းရံပေးကြပါ။ ပြည် ထောင်စုကို ချစ်ကြပါ။

သေချာစဉ်းစားကြည့်လိုက် ရင် ပြည်ထောင်စုရဲ့ တံခါးပေါက် များဟာ နိုင်ငံသားတစ်ယောက် ချင်းဆီမှာ ရှိနေတာပါ။ ကိုယ် ကိုယ်တိုင်ဟာ တိုင်းပြည်ရဲ့ တံခါး ပေါက်တစ်ခုလို့ ခံယူယုံကြည် ထားမယ်ဆိုရင် ဘာအန္တရာယ်မှ ၀င်မလာနိုင်အောင် အသက်ပေး ပြီး ကာကွယ်လိုစိတ်တွေ ကိန်း အောင်းလာမှာပါ။ ပြည်ထောင်စု ရဲ့ တံခါးပေါက်တွေဟာ ပြည် ထောင်စုကို ထာဝရစောင့်ရှောက် နိုင်ရမှာပါ။        ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး

သူ၏ အာဘော်သာဖြစ်ပါသည်)