Mytel ပထမဆုံးကွန်ရက်ဆက်သွယ်သည့်အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်

 မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း (MEC) ပိုင် Star High ကုမ္ပဏီ အစုရှယ်ယာ ၂၈ ရာခိုင်နှုန်းပါဝင်သော ဆက်သွယ်ရေး အော်ပရေတာ MyTel ၏ ပထမ ဆုံးသော ရုပ်သံခေါ်ဆိုခြင်းကို မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ဗီယက်နမ်ကာ ကွယ်ရေးဝန်ကြီးတို့ ဆောင်ရွက် ခဲ့သည်။

MyTel ၏ First Call Announcement အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်တွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ကျင်းပရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ နေပြည်တော်မှတစ်ဆင့် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး  H.E. General Ngo Xuan Lich ထံ MyTel ကွန်ရက်အသုံးပြု၍ ဆက်သွယ်ကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် MyTel ၏ ကွန်ရက်ကိုပထမဆုံး ဆက်သွယ်ခေါ်ဆိုသည့် အခမ်းအနားတွင် အော်ပရေတာ တာဝန်ရှိသူများကို ဆက်သွယ်ရေးလုံခြုံမှု ဂရုပြုရန်မှာ ကြားခဲ့သည်။

MyTel သည် ၁၅ နှစ်အတွင်း ကန်ဒေါ်လာနှစ်ဘီလီယံ ရင်းနှီး မြှုပ်နှံမည်ဟု သတင်းထုတ်ပြန် ထားသည်။ အော်ပရေတာတွင် ပြည်တွင်းအများပိုင် ကုမ္ပဏီ ၁၁ ခု ပူးပေါင်းထားသည့် Myanmar National Telecom Holding Public က အစုရှယ်ရာ ၂၃ ရာခိုင် နှုန်း၊ ဗီယက်နမ် အစိုးရပိုင် Viettle အော်ပရေတာက ၄၉ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းပိုင် Star High  ကုမ္ပဏီက အစုရှယ်ယာ ၂၈ ရာခိုင်နှုန်း ပါဝင်သည်။