ထိုင်းလိဂ် အဖွင့်ပွဲတွင် မြန်မာတိုက်စစ်မှူး အောင်သူ ဂိုးစတင်သွင်းယူ

ထိုင်းလိဂ် - ၁ ပွဲစဉ်၌ မြန်မာတိုက်စစ်မှူးအောင်သူ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ − Police Tero FC)

 မြန်မာ့လက်ရွေးစင်အ သင်း တိုက်စစ်မှူးအောင်သူသည် ထိုင်း လိဂ်-၁ အဖွင့်ပွဲတွင် Police Tero အသင်းအတွက် ပထမဆုံး ဂိုးစတင်သွင်းယူခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်သည့် ပရာချွတ်အသင်းနှင့် Police Tero အသင်းတို့ပွဲ၌ အောင်သူက ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းတွင် ပါဝင်ပြီး ပွဲချိန်ပြည့်ကစားခဲ့သည်။

ယင်းပွဲတွင် ပွဲချိန် ၉ မိနစ်၌ တိုက်စစ်မှူးအောင်သူက အပိုင် ကန်သွင်းကာ Police Tero အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။

အဆိုပါ   သွင်းဂိုးကြောင့် အောင်သူအနေဖြင့် ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင်  ဂိုးသွင်းယူနိုင်သည့် ပထမဆုံးမြန်မာကစားသမားဖြစ် လာသည်။ 

သို့သော် နောက်ပိုင်းမိနစ် များတွင် Police Tero အသင်းက အနိုင်ရလဒ်ကို ထိန်းကစားနိုင် ခြင်းမရှိ၍ ပွဲအပြီး၌ အိမ်ရှင် ပရာ ချွတ်အသင်းက ၃-၂ ဂိုးဖြင့်Police Tero အသင်းကို အနိုင်ရခဲ့သည်။

ယင်းပွဲတွင် Police Tero အ သင်းအတွက် ဂိုးများကို မြန်မာ တိုက်စစ်မှူး အောင်သူနှင့် ဘရာ ဇီးတိုက်စစ်မှူး မားကို့စ်တို့က သွင်း ယူခဲ့သည်။ မြန်မာလိဂ်ကလပ် ရတနာပုံအသင်း   တိုက်စစ်မှူး အောင်သူသည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်း လိဂ်-၁ ကလပ် Police Tero အသင်းသို့ လစာကန်ဒေါ်လာ ၇,၀၀၀ ဖြင့်တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းအရွှေ့ခဲ့သည်။ ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၈ ရာသီ  ထိုင်း လိဂ်-၁ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်က ကျင်းပခဲ့ ပြီး ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ယှဉ်ပြိုင်နေသည်။