ရတနာပုံရှုံးပွဲကြုံ၍ ရန်ကုန်အသင်း မြန်မာလိဂ်ကိုဦးဆောင်

 မြန်မာလိဂ်ပွဲစဉ်(၅)တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရတ နာပုံအသင်း ရှုံးပွဲကြုံသဖြင့် တတိယနေရာသို့ ဆင်းပေးရပြီး ရန်ကုန်အသင်းပထမနေရာသို့ ရောက်ရှိခဲ့သည်။

မြန်မာလိဂ်ပွဲစဉ်(၅)အပြီး တွင် အမှတ်ပေးဇယားကို ရန်ကုန်အသင်းက ၁၃မှတ်ဖြင့် ဦးဆောင်ထားပြီး ရှမ်းအသင်းက ၁၁ မှတ်ဖြင့် ဒုတိယ၊ ရတနာပုံ အသင်းက ၁၀ မှတ်ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။

ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပသည့် မြန်မာလိဂ်ပွဲစဉ် (၅)နောက်ဆုံးပွဲတွင် ဧရာဝတီအ သင်းက GFA အသင်းကို ခြေစွမ်း အသာဖြင့် ဖိအားပေးကစားပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာ ၀တီအသင်းအတွက် အနိုင်ဂိုးများ ကို တိုက်စစ်မှူး ပက်ထရစ်က နှစ် ဂိုးနှင့် မင်းမင်းသူက တစ်ဂိုးသွင်း ယူခဲ့သည်။ အဆိုပါ ပွဲအနိုင်ရလဒ် ကြောင့် ဧရာဝတီအသင်းအနေ ဖြင့် ပထမဆုံး လိဂ်နိုင်ပွဲရရှိခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် မကွေးနှင့် ရတနာပုံအသင်းပွဲတွင် မကွေးအသင်းက နောက်ကျသွင်း ဂိုးကြောင့် ၁-၀ ဂိုးဖြင့် ရတနာပုံကို အနိုင်ရခဲ့သည်။

မကွေးအသင်းအတွက် အ ဖိုးတန်အနိုင်ဂိုးကို တိုက်စစ်မှူး မောင်မောင်စိုးက နာကျင်အချိန် ပိုတွင် သွင်းယူခဲ့သည်။ ယင်းပွဲအရှုံးကြောင့် ရတနာပုံအသင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဖယ်ပေးခဲ့ရပြီး အဆင့် ၃ နေရာသို့ ဆင်းခဲ့ရသည်။

ဖေဖော်ဝါရီ ၉ ရက်က ရခိုင် အသင်းကို နိုင်ထားသည့် ရန်ကုန် က အမှတ်ပေးဇယားထိပ်ဆုံး ရောက်လာသည်။ ရန်ကုန်အ သင်းက တိုက်စစ်မှူးဆယ်လာ၏ ခြေစွမ်းပြသွင်းဂိုးများနှင့်အတူ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းအတွက် ဂိုးများကို ဆယ်လာက နှစ်ဂိုးနှင့် မောင် မောင်လွင်က တစ်ဂိုးသွင်းယူခဲ့ပြီး ရခိုင်အသင်းအတွက် မက်သရူးက ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သည်။

အခြားပွဲတွင် လက်ရှိ ချန်ပီ ယံ ရှမ်းယူနိုက်တက်က စစ်ကိုင်း အသင်းကို ၁-၀ ဂိုး၊ ဟံသာဝတီ က မြ၀တီကို ၂-၁ ဂိုး၊ ဇွဲကပင်က ဆောက်သမ်းမြန်မာကို ၂-၀ ဂိုး ဖြင့် အသီးသီးအနိုင်ရခဲ့သည်။