အသက် (၂၁) နှစ်အောက် လူငယ်လိဂ်ပြိုင်ပွဲတွင် ရတနာပုံအသင်းဦးဆောင်

အသက် (၂၁) နှစ် အောက် လူငယ်လိဂ် ဘောလုံးပြိုင် ပွဲ ပွဲစဉ် (၄) အပြီးတွင် ရတနာပုံ လူငယ်အသင်းက ရှုံးပွဲမရှိစံချိန် ဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေသည်။ 

ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက် အထိ ပဒုမ္မာကွင်းနှင့် စလင်းကွင်း တို့၌ ယူ-၂၁ လူငယ်လိဂ် ပွဲစဉ် (၄) ပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။  

ပွဲစဉ် (၄) အဖွင့်ပွဲတွင် ရတနာပုံအသင်းက စစ်ကိုင်းအ သင်းကို ခြေစွမ်းအသာဖြင့် ဖိက စားပြီး ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်နှင့် GFA အသင်းပွဲတွင် အကြိတ်အနယ်ရှိကာ အရှုံးအ နိုင် အဖြေမပေါ်ဘဲ တစ်ဂိုးစီသရေ ဖြင့် ပြီးဆုံးပြီး ရှမ်းအသင်းက  ဧရာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

အခြားပွဲတွင် အားကာသိပ္ပံ (က) အသင်းနှင့် ဆောက်သမ်း မြန်မာအသင်းတို့ အပြန်အလှန် ဂိုးများသွင်းကာ အားကာသိပ္ပံ (က) က ၄-၂ ဂိုးဖြင့် ဆောက် သမ်းအသင်းကို အနိုင်ရပြီး  ဟံသာဝတီနှင့် ဇွဲကပင်တို့ ဂိုးမရှိသရေကျခဲ့သည်။ ကျန်ပွဲစဉ်များတွင်  မြဝတီနှင့်  အကယ်ဒမီလူငယ်အသင်းတို့ ဂိုးမရှိ သရေကျပြီး ရန်ကုန်ကမကွေးအသင်းကို ၅-၀ ဖြင့် ဂိုး ပြတ်အနိုင်ရခဲ့သည်။ 

အသက် (၂၁) နှစ်အောက် MPT လူငယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၄) အပြီးတွင် ရတနာပုံနှင့် အားကာသိပ္ပံ (က) အသင်းတို့ ၁၀ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်သာသည့်  ရတနာပုံက ပထမ၊ အားကာသိပ္ပံ (က) က       ဒုတိယနေရာ၌ ရပ်တည်နေသည်။