ရခိုင်အသင်းကွင်းလယ်လူ တိုဂို လက်ရွေးစင်အဖြစ် ရွေးချယ်ခံရ

 မြန်မာလိဂ်ကလပ် ရခိုင်ယူနိုက်တက်ကွင်းလယ်လူ အာ ကာကာပိုသည် ၂၀၁၉ အာဖရိက ဖလားခြေစစ်ပွဲဝင် တိုဂိုလက်ရွေး  စင်ဘောလုံးအသင်းတွင် ပါဝင် ကစားရန် နည်းပြချုပ်၏ ကမ်း လှမ်းမှုကို ခံထားရသည်။

ကွင်းလယ်လူ အာကာကာပို သည် ရခိုင်ယူနိုက်တက်သို့ ၂၀၁၇ ဘောလုံးရာသီက စတင်ပြောင်းရွှေ့ခဲ့ပြီး လက်ရှိတွင်အသင်းနှင့်အတူ ဒုတိယမြောက်ရာသီအဖြစ် ဆက်လက်ယှဉ်ပြိုင်နေသည်။

တိုဂိုယူ-၂၁ လူငယ်လက် ရွေးစင် အာကာကာပိုသည် ယခုတိုဂိုလက်ရွေးစင်အသင်းကြီးအတွက် ကစားရန် နည်းပြချုပ် လီရွိုင်းက တိုက်ရိုက်ဆက်သွယ်ကမ်းလှမ်းခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘လက်ရွေးစင်အသင်းနည်း ပြက ကျွန်တော့်ကို အီးမေးလ်ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ပြီး အသင်းကြီးအတွက် ကစားပေး နိုင်မလားဆိုပြီး ပြောထားပါတယ်။ပြန်ကစားဖို့ ကျွန်တော့်မိသားစုနဲ့ ရော၊ အသင်းနဲ့ရော တိုင်ပင်နေပါ တယ်။ အဆင်ပြေမယ်ဆိုရင်တော့နိုင်ငံအတွက် ပြန်ကစားချင်ပါ တယ်’’ဟု အာကာကာပိုက ပြော သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ယူနိုက်တက်အသင်းအနေ ဖြင့် အသင်းဥက္ကဋ္ဌခွင့်ပြုပါက အာကာကာပိုကို တိုဂိုလက်ရွေးစင်အ သင်းသို့ သွားရောက်ကစားခွင့်ပြု မည်ဖြစ်ကြောင်း နည်းပြချုပ် ဦးစိုးသိန်းက ပြောသည်။

‘‘အာကာကာပိုက တိုဂိုလက်ရွေးစင်အသင်းအတွက် ရွေးခံရ တယ်လို့ အသင်းကို အကြောင်း ကြားထားပါတယ်။ လက်ရှိသူက အသင်းမှာ အားကိုးရတယ်ဆိုပေ မယ့် သူလည်း နိုင်ငံအတွက်ဆို တော့ ကစားချင်မှာပဲလေ။ အသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ ဆွေးနွေးပြီး ခွင့်ပြုခဲ့ရင်တော့ သွား ခွင့်ပေးမှာပါ’’ဟု ၎င်းက ဆိုသည်။

တိုဂိုလက်ရွေးစင်ဘောလုံး အသင်းကို နည်းပြချုပ်အဖြစ် ပြင် သစ်နိုင်ငံသား လီရွိုင်းက တာဝန် ယူကိုင်တွယ်နေပြီး မတ်လအ တွင်း တိုဂိုအသင်းလူစာရင်းထုတ် ပြန်မည် ဖြစ်သည်။ တိုဂိုအသင်း သည် လက်ရှိတွင် ၂၀၁၉ အာဖရိ ကဖလားခြေစစ်ပွဲဝင်ရောက်ယှဉ် ပြိုင်နေပြီး မတ်လ ၂၃ ရက်၌ ဘီနင်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။