အာရှကလပ် ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်

၂၀၁၈ အာရှကလပ် ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲ ကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည် ဖြစ်သည်။

အဆိုပါဘော်လီဘောပြိုင်ပွဲ ကို သြဂုတ်အတွင်း နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံများကို လက်ရှိအချိန်ထိ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

ယင်းပြိုင်ပွဲသို့ အီရန်၊ ကိုရီး ယား၊ တိုင်ပေစသည့် နာမည်ကြီးအာရှဒေသတွင်း ဘော်လီဘောကလပ်များပါဝင်ယှဉ်ပြိုင်လေ့ရှိသော်လည်း မြန်မာအသင်းသည် ကလပ်အသင်းမရှိသဖြင့် နိုင်ငံလက်ရွေးစင်အသင်းဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

၁၉၉၉ ကစတင်ကာ နှစ်စဉ်ကျင်းပသည့် အာရှကလပ်ချန်ပီယံရှစ်ဘော်လီဘောပြိုင်ပွဲကို အီရန်ကလပ်အသင်းများက ၁၂ ကြိမ်အထိ အများဆုံးဗိုလ်စွဲထားပြီး မြန်မာအသင်းက အောင်မြင်မှုမရရှိဖူးပေ။

အာရှကလပ်ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲကို ၂၀၀၆ တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပဖူးသဖြင့် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။