နွားထိုးကြီးတွင် သံခေတ် ကဟု ယူဆရသည့် ရှေးဟောင်းသင်္ချိုင်းတစ်ခု တွေ့ရှိပြီး တူးဖော် အတည်ပြုနိုင်ရန် ဆောင်ရွက်နေ

 နွားထိုးကြီးမြို့နယ် ပဒေါင်းကျေးရွာအနီး သံခေတ်က ဟု ယူဆရသော ရှေးဟောင်း သင်္ချိုင်းတစ်ခုတွေ့ရှိသဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်နှင့် ပူးပေါင်းကာ တူးဖော်အ တည်ပြုနိုင်ရေး ဆောင်ရွက်နေ ကြောင်း နွားထိုးကြီးမြို့နယ်အုပ် ချုပ်ရေးမှူး ဦးသက်လွင်က ပြောသည်။

‘‘ရှေးဟောင်းသင်္ချိုင်းတစ်ခု လို့ ယူဆရတဲ့အဆင့်မှာပဲ ရှိပါ သေးတယ်။ တူးဖော်ပြီး အတည် ပြုတာမျိုးတွေ မလုပ်ရသေးဘူး ဗျ။ လက်ရှိအခြေအနေက တော့ သံခေတ်လို့ ယူဆရတာပေါ့။ ဒါက ရှေးဟောင်းသုတေသနဌာနက တူးဖော်ပြီး အတည်ပြုမှပဲရမှာပါ။ တူးဖော်ခွင့်ရတော့ ဝန်ကြီးဆီ တင်ပြပြီးမှ လုပ်ရမှာပါ’’ဟု ဦးသက်လွင်က ပြောသည်။

ရှေးဟောင်းသင်္ချိုင်းဟု ယူ ဆရသည့်နေရာသည် နွားထိုးကြီး မြို့နယ် ပဒေါင်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင် တိုင် (၃၂၉/၇) ဝဲဘက်လမ်းဘေးမှ ပေ ၁၅၀၀ အကွာတွင် တည်ရှိ သည်။

အဆိုပါနေရာ၌ မြေတူးဖော် ထားသည်ကို မသင်္ကာဖွယ်တွေ့ ရှိ၍ ဖေဖော်ဝါရီ ၅ ရက်တွင် မြို့ နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန် ရှိသူများ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ် ဆေးရာ မြေအိုးကွဲ၊ သံလက်နက်၊ လူအရိုး၊ လူသွား၊ ဦးခေါင်းခွံ၊ မြေထည်၊ မြေပန်းကန် အပိုင်းအ စများ တွေ့ရှိခဲ့သည်ဟု ပြည်ထဲ ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

‘‘မြေပြင်ညီမှာ ကျင်းလေး တွေ တူးထားတာတွေ့လို့ သွား စစ်ဆေးတဲ့အခါမှာ ရှေးဟောင်း သုတေသနရဲ့ ရှုထောင့်အရ အရိုး စလေးတွေ တွေ့တယ်။ သံခေတ် ကလို့ ယူဆရတဲ့ အိုးလေးတွေ တွေ့တယ်။ တူးဖော်မယ်ဆိုရင် တော့ ခွင့်ပြုချက်တင်ပြီးမှ လုပ်ခွင့်ရမှာပါ။ လက်ရှိမှာတော့ နေ့ခင်း ပိုင်းမှာ အခါအားလျော်စွာ သွား ပြီး စောင့်ကြည့်တာမျိုးတွေ လုပ် ပေးနေပါတယ်’’ဟု ဦးသက်လွင် က ပြောသည်။

အဆိုပါ သံခေတ်သင်္ချိုင်း ဟောင်းဟု ယူဆရသည့် နေရာ ကို ရှေးဟောင်းယဉ်ကျေးမှုနေရာ အဖြစ် သတ်မှတ်နိုင်ရေး မန္တလေး တိုင်းဒေသကြီးအစိုးရထံ တင်ပြ ထားကြောင်း ၎င်းက ပြောသည်။

More in Regional Section