ဒုဋ္ဌဝတီမြစ်ဘေးရှိ အပန်းဖြေစခန်းများကို ပိတ်သိမ်းမည်မဟုတ်ဟု သယံဇာတဝန်ကြီးပြောကြား

 ပြင်ဦးလွင်မြို့နယ် ဒုဋ္ဌ ဝတီမြစ်ဘေးတစ်လျှောက် ဖွင့်လှစ်လုပ်ကိုင်နေသည့် အပန်းဖြေ စခန်းများသည် တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်မရှိသော်လည်း ပြည်သူလူထုလာရောက် အပန်းဖြေနေ၍ ပိတ်သိမ်းမည်မဟုတ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က ပြောသည်။

မန္တလေးမြို့အနီးရှိ ဒုဋ္ဌဝတီမြစ်ဘေးတစ်လျှောက် အပန်းဖြေစခန်းခုနစ်ခုခန့် ဖွင့်လှစ်လုပ်ကိုင် နေသည်။ အဆိုပါအပန်းဖြေ စခန်းများ တရားဝင်ဖွင့်လှစ်ခွင့် ရရှိရန် တိုင်းအစိုးရအဖွဲ့ထံ တင် ပြထားပြီး ခုနစ်မိုင်အပန်းဖြေစခန်း တစ်ခုသာလျှင် လယ်ယာမြေအ ခြားနည်းသုံးစွဲခွင့်ရရှိထား၍ လို အပ်သည့်စာရွက်စာတမ်းများ စုံ လင်ပါက  ဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘လူတွေဝင်ထွက်သွားလာ နေတယ်။ လူတွေကိုယ်တိုင်က အပန်းဖြေချင်တယ်။ လုပ်ကိုင်စား နေတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ အရေးယူမှုဆိုတာ အစိုးရ ရဲ့အဆုံးအဖြတ်ပဲ။ လူတွေအပန်းဖြေတဲ့ လုပ်ငန်းပိတ်လိုက်ရင် လာ လည်တဲ့သူတွ ဘယ်လိုလုပ်မလဲ၊ လုပ်သားတွေအတွက် ဘယ်လို လုပ်မလဲ၊ အရက်ဆိုင်ဆိုရင် တစ် မျိုးလေ။ မူးယစ်ဆေးရောင်းရင် လည်း တစ်မျိုးလေ။ လူထုအပန်း ဖြေတဲ့လုပ်ငန်းကို အားပေးရမှာ။ တရားဝင်ဖွင့်ခွင့်ရအောင် လိုအပ် တဲ့ စာရွက်စာတမ်းမပြည့်စုံလို့ အခက်အခဲရှိရင် ပြောလို့ ပြော ထားတယ်။ ဒါကို မြန်မြန်ဖြစ်စေ ချင်တယ်’’ဟု ဦးမျိုးသစ်က ပြော သည်။

အပန်းဖြေစခန်းလုပ်ကိုင်သူ များနှင့် မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့ တာဝန်ရှိသူများအစည်း အဝေးနှစ်ကြိမ်ပြုလုပ်ပြီး တရား ဝင်လုပ်ကိုင်ခွင့်ရရှိရန် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ က စစ်ဆေးနေကြောင်း၊ ခွင့်ပြု ချက်မရှိသေးဘဲ ကြိုတင်ဖွင့်လှစ်မှု ကြောင့် နှုန်းထားအလိုက် ဒဏ်ကြေးပေးဆောင်စေမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက ခုနစ်မိုင်၊ ခြောက်မိုင်နှင့် ပြည်သူ့နန်းတော် အပန်းဖြေစခန်း သုံးခုကို သဘောထားမှတ်ချက် ပေးထားပြီး အခြားဖွင့်လှစ်လုပ် ကိုင်နေသူများနှင့် ပတ်သက်၍ အစိုးရအဖွဲ့က ညွှန်ကြားထားခြင်း မရှိသေးကြောင်း အဆိုပါဦးစီး ဌာန ဦးစီးမှူး ဦးတိုးအောင်လင်း က ပြောသည်။

‘‘မြစ်ရေကို တိုက်ရိုက်သုံးစွဲ တဲ့ဟာကိုတော့ ရေခွန်ဆောင်ရ မယ်။ အခုလောလောဆယ် ဥပ ဒေထွက်လာပြီ။ နှုန်းကို ဘယ်လို ကောက်မလဲဆိုတဲ့ နည်းဥပဒေ မထွက်သေးတော့ လောလော ဆယ်မကောက်သေးဘူး။ အဲဒါ တွေ ထွက်လာရင် ပေးရမယ်။ ကမ်းနားမှာ အဆောက်အအုံ ဆောက်ရင်တော့ ကမ်းပါးတွေ မပြိုအောင် လိုအပ်ရင် ကမ်းထိန်း နံရံဆောက်ရမယ်။ ဆောက်ချင် သလို၊ လုပ်ချင်သလိုတော့ လုပ် မရဘူး’’ဟု ဦးတိုးအောင်လင်းက ပြောသည်။

လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ရရှိထားသည့် ခုနစ်မိုင် အပန်းဖြေစခန်းသည် ဒုဋ္ဌဝတီမြစ် ကမ်းနား၊ ကမ်းပါးနယ်အသုံးပြုမှု ကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တို့အ တွက် ကျပ်သိန်း ၅၀၀ ကျော် အခွန်ပေးဆောင်ရန် ပြောကြား ထားကြောင်း ၎င်းက ပြောသည်။

More in Regional Section