တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရသော စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူးကို စစ်ဆေးရန် ခွင့်ပြုချက်တောင်းခံထားဟုဆို

 အမျိုးသမီးတစ်ဦးက တရားလိုပြုလုပ်ကာ တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ထားသော စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေး မှူးဦးကြည်သက်မောင်ကို စစ် ဆေးနိုင်ရန် အထက်ဌာနများသို့ ခွင့်ပြုချက်တောင်းခံထားကြောင်း မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်အမှတ်(၁)နယ်မြေရဲစခန်းမှူး ဒုရဲမှူးဆန်းဝင်းက ပြောသည်။

စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေး မှူးသည် သားမယားရှိလျက်နှင့် အသက်(၂၄)နှစ်အရွယ်အမျိုး သမီးကို ဟိုတယ်၊ တည်းခိုခန်း များသို့ ခေါ်ယူပေါင်းသင်းနေထိုင် ပြီး ကိုယ်ဝန်ရရှိလာချိန် တာဝန် ယူခြင်းမရှိသဖြင့် အဆိုပါအမျိုး သမီးက တစ်လင်တစ်မယားဥပ ဒေဖြင့် အရေးယူပေးရန် အောင် မြေသာစံမြို့နယ် အမှတ်(၁) ရဲ စခန်းတွင် အမှုဖွင့်တိုင်တန်းထား ခြင်းဖြစ်သည်။

‘‘အခု သက်သေတွေတော့ စစ်နေတယ်။ အုပ်ချုပ်ရေးမှူးကို တော့ စစ်ဆေးခွင့်တောင်းခံထား တယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းရဲ အဆင့်ဆင့်ကို တင်ပြထားတယ်။ သူက ၀န်ထမ်းဖြစ်နေတဲ့အတွက် တရားစွဲဆိုခွင့်ပြုမိန့်ကိုတော့ သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီး ဌာနထံ တင်ပြထားပါတယ်’’ ဟု ဒုရဲမှူးဆန်းဝင်းက ပြောသည်။

အုပ်ချုပ်ရေးမှူးကို အဆိုပါ အမျိုးသမီးက တစ်လင်တစ် မယားဥပဒေပုဒ်မ ၁၇ အရအမှု ဖွင့်တိုင်တန်းပြီး အမှုဖွင့်ချိန်တွင် အုပ်ချုပ်ရေးမှူးနှင့်ရရှိသည့်ကိုယ်ဝန်ခြောက်လခန့်ရှိပြီဖြစ်ကြောင်း ရဲမှတ်တမ်း၌ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးသည် ချမ်းမြသာစည်မြို့နယ်ရှိ ကေတီဗီ တစ်ခုတွင် အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး ၂၀၁၇ က ကေတီဗီ၌ အတူလုပ်ကိုင်သည့် အမျိုးသမီး တစ်ဦးက ပြင်ပတွင်မိတ်ဆက်ပေး ရာမှ ဦးကြည်သက်မောင်နှင့် သိ ကျွမ်းပြီး ဟိုတယ်၊ တည်းခိုခန်းတို့ ၌ အကြိမ်ကြိမ်ပေါင်းသင်းနေထိုင် ခဲ့ကြောင်း ရဲမှတ်တမ်း၌ဖော်ပြ ထားသည်။

More in Regional Section