ဗိုလ်ချုပ်အောင်ဆန်း (၁၀၃)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မုံရွာတွင် စုပေါင်းလက်မှုပစ္စည်းပြပွဲကျင်းပမည်

 ဗိုလ်ချုပ်အောင်ဆန်း (၁၀၃) နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် မုံရွာတွင် စုပေါင်း လက်မှုပြပွဲကျင်းပမည်ဟု မုံရွာမြို့ဒေသခံဝါးတူဖြင့် လက်မှုပစ္စည်း ပြုလုပ်သူ ကိုထွန်းကျော်က ပြော သည်။

မုံရွာမြို့ကန်သာယာရေကန် ရေအိုးရွက်လှပျိုဖြူကျွန်း၌ ဖေ ဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်သည်။

‘‘လက်မှုပစ္စည်းပြုလုပ်သူ တွေက နယ်ဒေသအစုံကပါ။ လက်မှုပစ္စည်းပြုလုပ်သူ ၁၂ ဦး ပါဝင်ပြသမယ်။ ဗိုလ်ချုပ်အောင် ဆန်းနဲ့ပတ်သက်တဲ့ ပစ္စည်းကို လက်မှုပစ္စည်းအနေနဲ့ တစ် ယောက်တစ်ခုနှုန်းနဲ့ ပြသမယ်။ သူတို့ပြုလုပ်ထားတဲ့ လက်မှု ပစ္စည်းတွေနဲ့ ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့ကို ဂုဏ်ပြုပြသတာ ပါ’’ဟု ကိုထွန်းကျော်က ပြော သည်။

မုံရွာမြို့မှ လက်မှုဝါသနာ ရှင်ငါးဦးက ဦးဆောင်၍ ရခိုင်ပြည် နယ်၊ ပုသိမ်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ လားရှိုး၊ မန္တလေး စသည့်ဒေသ များမှ လက်မှုပစ္စည်းဝါသနာရှင် များ ပါဝင်ပြသမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဗိုလ်ချုပ်အောင်ဆန်း (၁၀၃)နှစ်ပြည့်မွေးနေ့အထိမ်းအ မှတ်လက်မှုပြပွဲ လာရောက်ကြည့် ရှုသူ ၁၀၃ ဦးကို ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံပါ ပန်းပုရုပ် ၁၀၃ ရုပ်ကို မဲဖောက်ပေးမယ်။ တီရှပ် ၁၀၃ ထည် မဲဖောက်ပေးမယ်။ ပဲပြုတ်နဲ့ နံပြားကျွေးဖို့လည်း စီစဉ်ထားပါ တယ်’’ဟု မုံရွာမြို့ ဗိုလ်ချုပ်အောင် ဆန်း (၁၀၃)နှစ်ပြည့် မွေးနေ့အ ထိမ်းအမှတ်လက်မှုပစ္စည်းပြပွဲ ဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။