မွန်ပြည်နယ်၌ နှစ် ၃၀ အတွင်း ပြည်ထောင်စုနေ့ကို ပထမဆုံးအကြိမ် ခမ်းနားစွာကျင်းပ

ပေါင်မြို့နယ် ကျုံကကျေးရွာတွင် ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားနေစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

 ပြည်ထောင်စုနေ့ အခမ်းအနားကို မွန်ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး စုများအရေးဆိုင်ရာ ကော်မတီက ဦးဆောင်ကာ ပေါင်မြို့နယ် ကျုံ ကကျေးရွာတွင် ကျင်းပခဲ့ကြောင်း ယင်းကော်မတီဥက္ကဌဦးထွန်းမင်း အောင်က ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို အများပြည်သူ ပါဝင်နိုင်ရန် ပထမဆုံးအကြိမ်အ ဖြစ်ကျင်းပပြီး ကုန်ကျစရိတ်ကို ပြည်နယ်အစိုးရအဖွဲ့က ကျပ် သိန်း၆၀ နှင့် ၎င်းတို့ကော်မတီ၏ အကူငွေဖြင့် ကျင်းပခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘မွန်ပြည်နယ်မှာ ပြည် ထောင်စုနေ့ အထိမ်းအမှတ် အ ခမ်းအနားတွေကို အများပြည်သူ တွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာ မကျင်းပနိုင်ခဲ့တာ နှစ်ပေါင်းတော် တော်ကြာနေပြီ။ လုပ်ရင်လည်း အ စိုးရအဖွဲ့ဝင်တွေက ပန်းခြံတွေ ထဲမှာ အလေးပြုတဲ့အလေ့အထပဲ လုပ်တယ်။ ကွင်းတွေထဲမှာကြီး ကြီးကျယ်ကျယ် မလုပ်ကြဘူး။ နှစ် ၃၀ ကာလအတွင်းမှာ ဒီလို အခမ်းအနားကပထမဆုံးအကြိမ် ပါ’’ဟု ဦးထွန်းမင်းအောင် ကပြောသည်။(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ကာ ပေါင်မြို့နယ်ကျုံ ကကျေးရွာ အားကစားဝင်းအ တွင်းအားကစားပြိုင်ပွဲများ ကျင်း ပပြီး ဖေဖော်ဝါရီ ၁၁ရက် ညနေ ၅ နာရီခွဲတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကာ မွန်ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာအေးဇံနှင့် ကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်း အောင်က အခမ်းအနား ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါဖွင့်ပွဲနေ့က တိုင်း ရင်းသားရိုးရာအကပဒေသာများ ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖေ ဖော်ဝါရီ ၁၂ ရက် ညနေတွင်တိုင်း ရင်းသားရိုးရာ အကပဒေသများ ကပြ ဖျော်ဖြေတင်ဆက်ခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ ကြောင်း ဦးထွန်းမင်းအောင်က ဆိုသည်။

မျိုးဆက်သစ်လူငယ်များအ နေဖြင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ် လာရသည့်အကြောင်းအရာများ နှင့် ပြည်ထောင်စုနေ့၏ ဝိသေသ များအကြောင်းသိရှိစေရန် ရည် ရွယ်ချက်ဖြင့် ယခုကဲ့သို့ကျင်းပ ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။