နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရတိုင်း နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်နိုင်ဟု နိုင်ကျဉ်းဟောင်းများအဖွဲ့ပြော

ပုဒ်မကိုမကြည့်ဘဲ လုပ်ရပ်ဖြင့်သာ ဆုံးဖြတ်မည်ဟုဆို

နိုင်ငံရေးပုဒ်မများ ဖြင့် ဖမ်းဆီးခံရတိုင်း နိုင်ငံရေးအ ကျဉ်းသားဟု မသတ်မှတ်နိုင်ဘဲ ဖမ်းဆီးခံရသူ၏ လုပ်ရပ်ဖြင့်သာ နိုင်ငံရေးအကျဉ်းသား ဟုတ်၊ မ ဟုတ် ဆုံးဖြတ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။


‘မင်းတို့ထမင်းဝအောင် စား ထား’ တီရှပ်ဝတ်ဆင်ကာ သေနတ်သမားကြည်လင်းကို တရားရုံး တွင် လာရောက်ဝန်းရံသူများကို နိုင်ငံရေးပုဒ်မ ၅၀၅ ဖြင့်အမှုဖွင့် ထားသော်လည်း ၎င်းတို့၏ အောက်တန်းကျသည့် လုပ်ရပ် ကြောင့် နိုင်ငံရေးအကျဉ်းသားအ ဖြစ် မသတ်မှတ်နိုင်ကြောင်း ၎င်း က ပြောသည်။

‘‘ကျွန်တော်တို့က ပုဒ်မကို ကြည့်ပြီးတော့ မဆုံးဖြတ်ဘူး။ လုပ်ရပ်ကို ကြည့်ပြီးတော့ ဆုံး ဖြတ်တယ်။ အဓိကကတော့ နိုင်ငံ သူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပေါ့။ အောက်တန်းကျတဲ့ လုပ်ရပ် တွေကို လုပ်တဲ့သူတွေကိုတော့ မသတ်မှတ်ဘူး။ အဲဒီလိုလုပ် ဆောင်နေတဲ့သူတွေကို ပြည်ထဲ ရေးက ဒဏ်ခတ်တာထက် ပြည် သူတွေက ဒဏ်ခတ်သွားပါလိမ့် မယ်’’ ဟု ဦးထွန်းကြည်က ပြော သည်။

တိုင်းပြည်တွင် မှီတင်းနေ ထိုင်သော နိုင်ငံသူ၊ နိုင်ငံသားများ ၏ အကျိုးစီးပွားထိခိုက်စေမည့် အရာများ၊ ဖြစ်စဉ်များကို ယုံ ကြည်ချက်ဖြင့်  တွန်းလှန်နေသူ များကိုသာ နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ ဖေဖော်ဝါရီ ၂ ရက် ရုံးချိန်းတွင် ကြည်လင်း၊ အောင် ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ လေးဦးကိုရုံးထုတ် လာစဉ် ‘မင်းတို့ထမင်းဝအောင် စား ထား’ ဆိုသည့် စာတန်းပါ တီရှပ်ဝတ်ဆင်ကာ လာရောက်ဝန်းရံသူလေးဦးကို ဖေဖော်ဝါရီ ၆ ရက်က အင်းစိန်မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ အင်းစိန်မြို့နယ် တ ရားရုံးသို့ တရားစွဲရန် ဦးတိုက် လျှောက်ခဲ့သည်။

တရားသူကြီးက နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်သည့်ပြစ်မှု ကို တစ်ဦးတစ်ယောက် ကျူးလွန် ချင်လာအောင် အများပြည်သူ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်ပြု လုပ်သည့် ပုဒ်မ ၅၀၅ (ခ) နှင့် ပြည်သူ့ဝန်ထမ်းကို နစ်နာစေမည်ဟု ခြိမ်းခြောက်ခြင်းပုဒ်မ ၁၈၉ ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

‘‘သူတို့ကိုကူညီပေးနေတဲ့သူ တွေ၊ ထောက်ခံကြိုဆိုပေးနေတဲ့ သူတွေဟာ သူတို့လိုပဲ ပြစ်မှုကျူး လွန်တယ်လို့ ကျွန်တော်တို့ခံယူ တယ်။ လူတစ်ယောက် (ကြည် လင်း) ကို ထောက်ခံတယ်ဆိုက တည်းက တစ်သားတည်း တစ် ထပ်တည်းကျတယ်ဆိုတာကို ပြ သနေတာ’’ ဟု ဦးထွန်းကြည်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဦးကိုနီကလေးချီထားစဉ် သေ နတ်သမား ကြည်လင်းကနောက် က ပစ်သည့်ပုံစံဖြင့် ‘မင်းတို့ ထမင်းဝအောင်စားထား’ တီရှပ်ဝတ်ဆင် ထားသော အမျိုးသမီးနှစ်ဦး သရုပ်ဖော်ပုံနှင့်ပတ်သက်၍ ပြည်ထဲ ရေးက အရေးယူဆောင်ရွက်မှုမရှိသည်မှာ မေးခွန်းထုတ်စရာဖြစ်နေ ကြောင်း ၎င်းကပြောသည်။

သေနတ်သမားကြည်လင်း ကို ဝန်းရံသူလေးဦးသည် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ပြီးမှ အဖမ်း ခံမည်ဆိုသော်လည်း ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်သည်။