အမှတ်ကွာဟချက် ကျဉ်းမြောင်းသွားသော်လည်း ဘာစီလိုနာ ယုံကြည်မှုရှိနေဆဲ

ဒီဇင်ဘာက အဝေး ကွင်း၌ ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်ချေမှုန်းခဲ့ပြီးနောက် လာလီဂါ အမှတ်ပေးဆု ဖလားရရှိရေး ဘာစီလိုနာကို မည်သည့်အသင်းကမျှ တားဆီးနိုင်ပုံ မပေါ်ခဲ့ပေ။


ဘာစီလိုနာသည် လက်ရှိအ ချိန်အထိ လာလီဂါ၌ ရှုံးပွဲမရှိသေး သော်လည်း အက်စ်ပန်ညို၊ ဂီတာဖေးတို့နှင့် နှစ်ပွဲဆက်တိုက် သရေကျပြီးနောက် ဒုတိယနေရာ ရှိအသင်းနှင့် အမှတ်ကွာဟချက် ကျဉ်းမြောင်းသွားသည်။

နည်းပြ ဗယ်လ်ဗာဒီ၏ ဘာ စီလိုနာသည် ဂီတာဖေးနှင့် ဂိုးမရှိ သရေကျပြီးနောက် ဒုတိယနေရာ ရှိ အက်သလက်တီကိုမက်ဒရစ် က မာလာဂါကို ၁-၀ ဂိုးဖြင့် အနိုင် ရခဲ့သဖြင့် ၎င်းတို့နှစ်သင်းကြား အမှတ်ကွာဟချက်သည် ခုနစ် မှတ်သာ ရှိတော့သည်။

မတ်လ ၄ ရက်တွင် ဆုဖလား အတွက်အဆုံးအဖြတ်ပေးဖွယ်ရှိ သည့် ဘာစီလိုနာ၏ အိမ်ကွင်း နူးကမ့်၌ တွေ့ဆုံသည့်ပွဲတွင် အက်သလက်တီကို မက်ဒရစ် အ နိုင်ရပါက နောက်ထပ်အမှတ်ကွာ ဟမှုကို လျှော့ချနိုင်မည့် အခွင့် အရေး ရှိနေသည်။

ချန်ပီယံလိဂ် (၁၆) သင်းအ ဆင့်တွင် ချယ်လ်ဆီးနှင့် နှစ်ကျော့ ကစားရမည့်အပြင် စပိန်ဘုရင့် ဖလား ဗိုလ်လုပွဲနွှဲရမည်ဖြစ်၍  ဘာစီလိုနာအသင်း ပွဲဆက်များ မည်ဖြစ်သည်။

‘‘ဒါတွေဟာ ရာသီရဲ့ အလုပ်များတဲ့လတွေ ဖြစ်ပါတယ်။ ပြိုင် ပွဲသုံးခုစလုံးမှာ  ကောင်းကောင်း ကစားနိုင်ဖို့ ကျွန်တော်တို့မှာ တာ ဝန်ရှိပါတယ်’’ ဟု ဝါရင့်ကွင်းလယ် လူအင်နီယေစတာကပြောသည်။

ဘာစီလိုနာအသင်း၏အဖွဲ့ အစည်းဆိုင်ရာ ဆက်ဆံရေး ဒါ ရိုက်တာ ဂိုင်လ်လာမိုအာမွာက ခုနစ်မှတ်ဖြတ်ထားနိုင်မှုအပေါ် ဘာစီလိုနာသည် စိတ်အေးလက် အေးဖြစ်နေကြောင်း ဆိုသည်။

‘‘ခုနစ်မှတ်ဆိုတာ များပြား တဲ့ ကွာဟချက်ပါ။ အက်သလက် တီကို မက်ဒရစ်ဟာ ကျွန်တော်တို့ နဲ့ ကစားဖို့ ဒီကိုလာရပါဦးမယ်။ ရှေ့လျှောက် အမှတ်တွေအများ ကြီးရှိပြီး ကျွန်တော်တို့အပြုသ ဘောဆောင်ရပါမယ်’’ ဟု ဂိုင်လ် လာမိုအာမွာက ပြောကြားသည်။

—Ref: Reuters