ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာကို စပါးနည်းပြချီးကျူး

ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်းအဆင့် ပထမအကျော့ ကို အီတလီသို့ သွားရောက်ရင် ဆိုင်ရန် ရှိနေစဉ် စပါးနည်းပြ ပိုချက်တီနိုက ဂျူဗင်တပ်တိုက်စစ် မှူး ဒိုင်ဘာလာသည် ကမ္ဘာ့အ ကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ကြောင်း ချီးကျူးသည်။


ဗုဒ္ဓဟူးနေ့ နံနက်စောစော တွင် ရင်ဆိုင် မတွေ့မီ ဂျူဗင်တပ် က ဖီအိုရင်တီးနားကို ၂-၀ ဂိုးဖြင့် နိုင်ပြီး စီးရီးအေဖလားအတွက် ကြိုးပမ်းမှုကို ဆက်ထိန်းထားနိုင် သည်။ ယင်းပွဲကို တံကောက် ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ သည့် ဒိုင်ဘာလာသည် စပါးနှင့်ပွဲ ပါဝင်ကစားနိုင်ရန် မျှော်လင့်နေ သည်။

စပါးသည် စနေနေ့က အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် နိုင် ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ နှစ်ကြိမ်ရောက်ဖူးသော ဂျူဗင် တပ်ကို ရင်ဆိုင်ရန် အကောင်း ဆုံး ပြင်ဆင်နေသည်။

ယခုရာသီ၌ ဒိုင်ဘာလာ သည် ဂျူဗင်တပ်အတွက် ပြိုင်ပွဲ အရပ်ရပ် ၁၇ ဂိုးသွင်းထားသော် လည်း ဥရောပပြိုင်ပွဲတွင် ဂိုးသွင်း နိုင်ခြင်း မရှိသေးပေ။

ဒိုင်ဘာလာသည် မိမိတို့အ တွက် ပြဿနာအနည်းငယ်ဖန်တီး နိုင်သော်လည်း ဗုဒ္ဓဟူးနေ့ နံနက် တွင် ဆုံတွေ့စဉ် ၎င်းကိုကွင်းထဲ၌ မြင်တွေ့လိုကြောင်း ပိုချက်တီနို က ပြောသည်။

စပါးတွင် တိုဘီအယ်ဒါဝီ ယာ ပါဝင်ကစားနိုင်ခြေမရှိ ဖြစ် နေသော်လည်း အခြားဒဏ်ရာ ပြဿနာ ကြီးကြီးမားမား မရှိသ ဖြင့် ဂျူဗင်တပ်နှင့်ပွဲ၌ လူစုံထုတ် ကစားဖွယ်ရှိသည်။

ဂျူဗင်တပ်နှင့်ပွဲသည် ဧရာမ ပွဲတစ်ပွဲဖြစ်သော်လည်း ကစားသ မားတစ်ဦးအနေဖြင့် ယင်းပွဲ မျိုးမှာ မိမိမျှော်လင့်နေသော ပွဲ ဖြစ်သည်ဟု စပါး ထိပ်တန်းဂိုး သွင်းရှင် ဟယ်ရီကိန်းက ပြော သည်။

ဟယ်ရီကိန်းကို ဂျူဗင်တပ် အသင်းသားများက ချီးကျူးပြီး ၎င်းသည် အပြည့်စုံဆုံးတိုက်စစ် မှူး များအနက် တစ်ဦးဖြစ်ကြောင်း ဂျူဗင်တပ်နောက်ခံလူ ချီလီနီက ပြောသည်။ စပါးကြယ်ပွင့် အယ် လိုရန်တီကမူ ဂျူဗင်တပ်သည် မိမိတို့ကို အနိုင်ရခဲ့ပါက ယခုနှစ် ချန်ပီယံလိဂ် ဖလားရနိုင်သည်ဟု ပြောသည်။

—Ref: Daily Mail