ဆုဖလားများရပါက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ကီဗင်ဒီဘရိုင်ရနိုင်ဟု ဂွာဒီယိုလာပြော

အသင်းနှင့်အတူ အဓိက ဆုဖလားများ ဆွတ်ခူးနိုင်ပါက ကွင်းလယ်ကစားကွက် ဖန်တီး ရှင် ကီဗင်ဒီဘရိုင်သည် ကမ္ဘာ့အ ကောင်းဆုံး ဘောလုံးသမားဆု (Ballond d'Or) အတွက် ဆန်ခါ တင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောသည်။


ဘယ်လ်ဂျီယံ လက်ရွေးစင် ဒီဘရိုင် (၂၆) နှစ် သည် ယခုနှစ် ရာသီ၊ မန်စီးတီးအသင်းခြေစွမ်း ပြမှု၌ အဓိကကျပြီး ဖေဖော်ဝါရီ ၁၀ ရက်က လက်စတာကို ၅-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် ဖန် တီးခဲ့သည့် သုံးဂိုးအပါအဝင် ၁၄ ဂိုး ဖန်တီးပေးထားသည်။

ဒီဘရိုင်အနေဖြင့် သိက္ခာကြီး သော တစ်ဦးချင်းထူးချွန်ဆု ရနိုင် ခြင်းရှိ၊ မရှိ မေးမြန်းခံရစဉ် ဂွာဒီ ယိုလာက ‘‘လုံးဝသံသယဖြစ်စရာ မလိုပါဘူး။ သူဟာ ဂိုးဖန်တီးမှု တွေကို တစ်ပွဲတည်း လုပ်ပေးနေ တာ မဟုတ်ပါဘူး။ တစ်ရာသီလုံး လုပ်ပေးနေပြီး သုံးရက်ခြားကစား တဲ့ပွဲတိုင်း ဒီပုံစံအတိုင်း ကစားနေ တာပါ။ ဒါပေမဲ့ သူသိသလို လူ တိုင်းလည်း သိပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု  ဆန်ခါတင် စာရင်းဝင်ဖို့ဆိုတာ ဆုဖလားတွေ အများကြီးရရပါ မယ်။ ဒါပေမဲ့ ဥရောပမှာ သူက စားနေတဲ့ ပုံစံအတိုင်း ပိုကောင်း တဲ့ တစ်ယောက်ရှာဖို့ဆိုတာ ခဲ ယဉ်းပါတယ်’’ ဟုဖြေကြားသည်။

ဒီဘရိုင်သည် ယခုနှစ်ရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းယူထားပြီး ၁၈ ဂိုး ဖန်တီး ခဲ့ကာ ပရီးမီးယားလိဂ် အမှတ် ပေဇယားကို ၁၆ မှတ်ဖြတ် ဦး ဆောင်နိုင်အောင် အထောက်အ ကူပေးနေသော်လည်း တစ်ဦးချင်း ဆုတံဆိပ်များကို အာရုံစိုက်ခြင်း မရှိဟု ဆိုသည်။

‘‘ရိုးရိုးသားသားပြောရရင် ဘောလုံးကစားတာနဲ့ ရှုပ်နေတဲ့ အခါတိုင်း အဲဒါတွေနဲ့ ပတ်သက် ပြီး ကျွန်တော်ဂရုမစိုက်ပါဘူး။ အ သင်းနဲ့အတူ ဆုဖလားတွေဆွတ် ခူးနိုင်အောင် အရာရာလုပ်ဆောင် နေပါတယ်။ အဆုံးသတ်မှာ တစ်ဦးချင်းဂုဏ်ပြုဆုရရင် ပြီး ပြည့်စုံတာပေါ့’’ ဟု ဒီဘရိုင် က ပြောကြားသည်။

မန်စီးတီးသည် ချန်ပီယံလိဂ် တွင် (၁၆) သင်းအဆင့်၊ အက်ဖ် အေဖလားတွင် ပဉ္စမအဆင့်နှင့် လိဂ်ဖလားတွင် ဗိုလ်လုပွဲ ရောက် ထားသဖြင့် ဖလားလေးလုံး တစ် ပြိုင်နက်တည်း ဆွတ်ခူးရေးလမ်း ကြောင်းပေါ်၌ ရှိနေသည်။

မန်စီးတီးသည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ယနေ့ညတွင် ဘေ ဆယ်နှင့် ကစားမည်ဖြစ်သည်။

—Ref: Reuters