■ အားကစား သတင်းတိုများ

ဘရာဇီးနှင့် ရီးရဲလ်နောက်ခံလူ မာဆယ်လိုက တစ်နိုင်ငံတည်းသား နေမာသည် တစ်နေ့နေ့တွင် ရီးရဲလ်သို့ရောက်လာမည်ဟု ယုံကြည် ကြောင်းပြောကြားစဉ် ပီအက်စ်ဂျီမှ ဘီယာဂိုဆေးလ်ဗားက နေမာသည် ပီအက်စ်ဂျီ၌ ပျော်ရွှင်နေကြောင်း သိသော်လည်း အသင်းပြောင်း၊ မပြောင်း အာမမခံနိုင်ဟုပြောသည်။


ဇန်နဝါရီက အာဆင်နယ်သို့ အော်ဘာမီယန်ရောက်ရှိလာခြင်းကြောင့်လာကာဇက်၏ ယုံကြည်မှု ထိခိုက်ခြင်းဖြစ်နိုင်ကြောင်း အာဆင်နယ်နည်း ပြ အာစင်ဝင်းဂါးက ပြောသည်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် မပျော်ရွင်ပါက ရီးရဲလ်တွင် ဆက်ရှိနေမည်မဟုတ်ကြောင်း အသင်းဖော်မာဆယ်လိုက ပြောကြားပြီး ရော်နယ်ဒို မပျော်ရွှင်ဖြစ်နေသည်ဆိုသော သတင်းများကိုပယ်ချသည်။

လီဗာပူးနည်းပြ ကလော့ပ်သည် ပရီးမီးယားလိဂ်နိုင်ပွဲ ၅၀ ပြည့်ကာနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာနှင့် တူညီပြီဖြစ်ပြီး နိုင်ပွဲ ၅၀ ပြည့် မြောက်သော နဝမမြောက်အမြန်ဆုံး နည်းပြဖြစ်လာသည်။

မန်ယူတွင်ရှိစဉ် နည်းပြဟောင်း ဗန်ဟားစ်က မိမိအပေါ် ယုံကြည်မှု မထားရှိခြင်းကြောင့် တိုးတက်မှုထိခိုက်ခဲ့ရပြီး လူငယ်ကစားသမားများ အပေါ် ယုံကြည်မှုရှိရန် လိုအပ်ကြောင်း မန်ယူမှဆိုစီဒက်သို့ ပြောင်းရွှေ့ သူ ဂျာနူဇက် (၂၃) နှစ်က ပြောသည်။

ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်ကို အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က ခေါ်ယူခန့်အပ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေစဉ် ၎င်းက ယခုရာသီမကုန်မီ ကလပ်တစ်ခုကို ကိုင်တွယ်ဦး မည်မဟုတ်ဟု ပြောသည်။

ဒဏ်ရာရနေသော တိုက်စစ်မှူးမိုရက်တာ၏ ကခုန်နေပုံ ဗီဒီယိုဖိုင် ကြောင့် ချယ်လ်ဆီးပရိသတ်များ ဒေါသထွက်နေသည်။ ၎င်းသည် ဘာစီလိုနာနှင့်ချန်ပီယံလိဂ်ပွဲတွင်ပါဝင်ကစားနိုင်မည်ဟုမျှော်လင့်ထားသည်။