အိန္ဒိယဘက်မှ နယ်စပ်ဖြတ်ကျော် စီးနင်းမှုများကို ပါကစ္စတန် သတိပေး

 စစ်သားများ နှင့် ၎င်းတို့၏ မိသားစုဝင်များအ ပေါ် ပစ်မှတ်ထားခံရသည့် စစ်တပ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် ပါကစ္စတန်အခြေစိုက် အဖွဲ့ကို အိန္ဒိယအာဏာပိုင်များ က အပြစ်တင်ပြီးနောက် အငြင်း ပွား ကက်ရှ်မီးယားဒေသ၌ အိန္ဒိယ ဘက်မှ နယ်စပ်ဖြတ်ကျော်တိုက် ခိုက်မှုများကို ပါကစ္စတန်က သတိပေးသည်။

လများစွာအတွင်း အဆိုးရွားဆုံးအဖြစ် ဖေဖော်ဝါရီ ၁၀ ရက်က ဂျမ်မူးမြို့အနီးရှိ စစ်တပ်စခန်း တစ်ခု တိုက်ခိုက်ခံရမှုတွင် စစ်သားငါးဦး ကျဆုံးပြီး စစ်သားဖခင်တစ်ဦး သေဆုံးကာ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ ၁၀ ဦး ဒဏ်ရာရခဲ့သည်။


လက်နက်အပြည့်အစုံ ကိုင် ဆောင်ထားသော တိုက်ခိုက်ရေး သမားများသည် ပါကစ္စတန်အ ခြေစိုက် ဂျိုက်ရှိ-အီး-မိုဟာမက် စစ်သွေးကြွ အဖွဲ့ဝင်များဖြစ် ကြောင်း အိန္ဒိယက ပြောကြားရာ ယင်းမှာ အပြည့်အဝစူးစမ်းဆင် ခြင်မှုမရှိဘဲ ထစ်ခနဲပေးသည့် မှတ်ချက်ဖြစ်ကြောင်း ပါကစ္စတန် က ဝေဖန်သည်။

‘‘ဘာပဲဖြစ်ဖြစ် သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ရသေးပါဘူး။ လက်လွတ်စပယ်ဖော်ပြ တာတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ တံဆိပ်ကပ်တာ လုပ်တာဟာ အိန္ဒိယတာဝန်ရှိသူ တွေရဲ့ ခေါက်ရိုးကျိုးပုံစံပါ’’ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင် ပြော သည်။

အိန္ဒိယသည် ကက်ရှ်မီးယား ဒေသ၌ လက်နက်ကိုင်ပုန်ကန်မှု ကို ထိန်းချုပ်ရန် ကြိုးစားရာတွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် အများအာရုံစိုက်မှုမှ လမ်းလွှဲရန် အဆိုပါစွပ်စွဲချက်များပြုလုပ်နေကြောင်း ပါကစ္စတန်က ပြောကြားခဲ့ပြီး နှစ်နိုင်ငံကြားရှိ ကက်ရှ်မီးယားဒေသကို ခွဲခြားထားသော ထိန်းချုပ်ရေးမျဉ်း ဖြတ်ကျော်၍ ပြုလုပ်မည့် လက်တုံ့ပြန် ဆောင်ရွက်မှုမှန်သမျှ သတိပေးခဲ့ သည်။

ပါကစ္စတန်သည် စစ်သွေး ကြွများကို သင်တန်းပေးကာ လက်နက်များ တပ်ဆင်ပေးနေကြောင်း နှင့် ယင်းစစ်သွေးကြွများ ထိန်းချုပ်ရေးမျဉ်းကိုဖြတ်ကာ ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်နယ်အ တွင်းသို့ စိမ့်ဝင်ပျံ့နှံ့အောင် ကူညီပေးနေကြောင်း အိန္ဒိယက ကာလရှည် စွပ်စွဲထားသည်။

—Ref: Reuters