တရုတ်နိုင်ငံတွင် ဓာတ်ငွေ့ရည်ယိုဖိတ်မှုကြောင့် အဝေးပြေးလမ်းမ၌ မီးလောင်မှုကြီးဖြစ်ပွား

တရုတ်နိုင်ငံ အဝေး ပြေးလမ်းမတစ်ခုတွင် လောင်စာ တင်ကားတစ်စီး တိမ်းမှောက်ပြီး သဘာဝဓာတ်ငွေ့ရည်များ ယို ဖိတ်မှုကြောင့် မီးလောင်မှုကြီးဖြစ် ပွားရာ သတိမထားမိသော ယာဉ် မောင်းများအတွက် သေမင်း ထောင်ချောက်တစ်ခုဖြစ်ခဲ့သည်။

ယင်းအနီးအနားမှ ဖြတ် သန်းသည့် ကားကင်မရာများမှ ရိုက်သော ဗီဒီယိုဖိုင်တွင် အပြာ ရောင်ကားတစ်စီးသည် ယင်းလောင်စာတင်ကား အနောက် တွင် ရပ်တန့်လိုက်ပြီးနောက် ခဏအတွင်း မီးတောက်များထဲသို့ ဝင်ရောက်သွားကြောင်း မြင် ရသည်။


ယာဉ်မောင်းက ကားကိုရပ်လိုက်စဉ် လမ်းတစ်ပြင်လုံး မီးပင်လယ်ကဲ့သို့ ဖြစ်သွားကာ နောက်ကားတစ်စီးကို မီးစွဲလောင်ပြီးလမ်းဘေးရှိ သစ်ပင်ချုံပုတ်များ လည်း မီးလောင်ခဲ့သည်။

ဘေဂျင်းမြို့နှင့် ထိစပ်နေ သော ဟီဘေးပြည်နယ်ရှိ အဝေး ပြေးလမ်းမတွင် တနင်္ဂနွေနေ့က ယင်းသို့ဖြစ်ပွားခဲ့ပြီး အခင်းဖြစ် ပွားရာနေရာကို ဗီဒီယိုရိုက်ထား သော ကားသည် မီးတောက်များ အန္တရာယ်မှ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ရသည်။

ယင်းမီးလောင်မှုအတွင်း လူ နှစ်ဦး ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ ပြီး အခြားခြောက်ဦးသည် အသေးစားဒဏ်ရာများ ရခဲ့သည်။

လောင်စာတင်ကား မောင်း သူလည်း ဒဏ်ရာဖြင့် အသက်ရှင်လွတ်မြောက်ခဲ့သည်။

ဘေဂျင်း-ဟာဘင် အဝေး ပြေးလမ်းမတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ပြီး ယင်းလမ်းမ၌ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့အရည်နှင့် အခြားသောပစ္စည်းများ တင်ပို့ရာ ကားများ အဓိကသွားလာ သည်။

တရုတ်နိုင်ငံတွင် တရုတ်နှစ် ကူးကာလများ၌ လမ်းများတွင် လူအများဆုံးသွားလာရာ ကာလ ဖြစ်ပြီး ယင်းမတိုင်မီ ယခု မီး လောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။

—Ref: AFP