ခုတ်မောင်းနေစဉ် ခရီးသည်များ ရန်ဖြစ်၍ ကူးတို့သင်္ဘောတစ်စီး ဆိပ်ကမ်းသို့ပြန်လှည့်ခဲ့ရ

 ဩစတြေးလျ ကူးတို့ သင်္ဘောတစ်စီးပေါ်၌ သန့်စင်ခန်း တန်းစီနေစဉ် အချင်းများ ခိုက်ရန် ဖြစ်ပွားခဲ့၍ ထိုသင်္ဘောသည် မြို့ တော် ဆစ်ဒနီသို့ ပြန်လှည့်ခဲ့ရ သည်။

အဆိုပါ ကူးတို့သင်္ဘောပေါ် တွင် ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ် သက်၍ ဖေဖော်ဝါရီ ၁၂ ရက်က အသက် (၃၇)နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးသည် ဝိုင်ပုလင်း အလွတ်ဖြင့် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ရိုက်ခွဲခြင်းပြစ်မှုဖြင့် အမှုဖွင့်ခံရသည်။


တနင်္ဂနွေ နံနက်အစောတွင် P&O ကူးတို့သင်္ဘောပေါ်၌ သန့်စင်ခန်းဝင်ရန် တန်းစီနေစဉ် အမျိုးသားအချို့ အချင်းများ ရန်ဖြစ်ခဲ့ သည်။

‘‘အဲဒီရန်ဖြစ်နေတဲ့ အမျိုး သားတွေထဲက တစ်ယောက်နဲ့ လိုက်ပါလာတဲ့ ရုရှားအမျိုးသမီး က အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ခေါင်းကို ဝိုင်ပုလင်းအလွတ်နဲ့ ရိုက်ခွဲခဲ့ပါ တယ်’’ဟု နယူးဆောက်သ်ဝေးလ် ရဲတပ်ဖွဲ့ကပြောသည်။

ထို့နောက် အဆိုပါရန်ပွဲကို လုံခြုံရေးဝန်ထမ်းများက ဖျန်ဖြေ ခဲ့ပြီး ၎င်းတို့ကို ထိန်းသိမ်းခဲ့သည်။

ဩစတြေးလျ ရေပိုက်နက် အတွင်းသို့ သုံးနာရီကြာ ခရီးစဉ်ထွက်လာသော ထိုကူးတို့သင်္ဘော သည် ဆစ်ဒနီမြို့သို့ ပြန်လှည့်ခဲ့ရပြီး ထိုမြို့သို့ ဆိုက်ရောက်သော အခါ ခိုက်ရန်ဖြစ်ပွားမှုအတွင်း ပါဝင်ခဲ့သော အမျိုးသားခြောက် ဦးနှင့် ထိုရုရှားအမျိုးသမီးကို သင်္ဘောပေါ်မှ ဖယ်ရှား၍ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့သည်။

ရဲတပ်ဖွဲ့က အမျိုးသားများကို ပြန်လွှတ်ပေးသော်လည်း ရုရှား အမျိုးသမီးသည် ခိုက်ရန်ဖြစ် ပွားခြင်းနှင့် သူတစ်ပါးကို ကိုယ်ထိလက်ရောက်ခြင်း ပြစ်မှုများဖြင့် အမှုဖွင့်ခံရသည်။

ယင်းအမျိုးသမီးသည် အာမခံရခဲ့သော်လည်း အဆိုပါ ပြစ်မှု များနှင့်ပတ်သက်၍ မတ်လ ၉ ရက်တွင် ဆစ်ဒနီတရားရုံးတစ်ခု ၌ အမှုရင်ဆိုင်ရမည်ဖြစ်သည်။                

—Ref: AFP