နိုင်ငံတကာသတင်းတိုများ

အမေရိကန်နှင့် အစ္စရေးသည် အီရတ်နှင့် ဆီးရီးယားကို နှစ်ခြမ်း ခွဲလိုပြီး လက်ဘနွန်တွင် ပြဿနာများဖန်တီးရေးမူဝါဒများ လုပ် ဆောင်နေသော်လည်း ယင်းနိုင်ငံမှ လက်တွဲဖက်များအား အီရန်က အကူအညီပေးခဲ့ခြင်းကြောင့် အမေရိကန်နှင့် အစ္စရေးတို့၏ မူဝါဒများ မအောင်မြင်ခဲ့ဟု ၁၉၇၉ အီရန်အစ္စလာမ်မစ်တော်လှန် ရေး နှစ်ပတ်လည်အခမ်းအနားတွင် အီရန်သမ္မတ ရိုဟာနီကပြောသည်။


ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ထောက်ခံမှုရရှိရေး ကြိုးပမ်းရန် ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်သည် မော်စကိုမြို့သို့ ရောက်ရှိနေသည်။ အဘတ်စ် သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကုလလုံခြုံရေးကောင်စီ၌ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။

အရှုပ်တော်ပုံများဝိုင်းနေသော လက်ရှိသမ္မတ ဂျက်ကော့ဘ်ဇူး မားကို ထုတ်ပယ်ရန် ကြိုးစားမှု လိပ်ခဲတည်းလည်းဖြစ်နေစဉ် အာဏာရ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ပါတီတွင်း၌ သဘောထားကွဲလွဲမှုနှင့် စည်းလုံးမှုပြိုကွဲနေသည်ဟု ဇူးမား နေရာဝင်ရောက်ရန် ရေပန်းစားနေသော ANC ဥက္ကဋ္ဌ ရာမာဖိုဆာက ဝန်ခံသည်။