မန်ယူကို လိုက်မီရန် ကလော့ပ်ပစ်မှတ်ထား

ပရီးမီးယားလိဂ်တွင် ၎င်းတို့၏ မဟာပြိုင်ဘက်မန်ယူ နှင့် နှစ်မှတ်အကွာသို့ လီဗာပူး ရောက်ရှိလာပြီးနောက် လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်သည် မန်ယူကို လိုက်မီရန် ပစ်မှတ်ထား နေသည်။


အင်္ဂလိပ်ထိပ်သီး ဘောလုံး ပြိုင်ပွဲတွင် ဒုတိယအကျော့ပွဲစဉ် များ ယှဉ်ပြိုင်နေပြီး ချန်ပီယံလိဂ် ဝင်ရေး တိုက်ပွဲလည်း ပိုမိုပြင်း ထန်လာသည်။

မန်စီးတီးအသင်းသည် ထိပ် ဆုံးတွင် ၁၆ မှတ်ဖြတ်၍ ဦးဆောင် နေပြီး ဖလားရရန် ရေပန်းအစား ဆုံး ဖြစ်နေသော်လည်း နံပါတ် (၂) နှင့် နံပါတ် (၅) အသင်းများကြား အမှတ်ကွာဟမှုသည် ခြောက် မှတ်သာရှိသည်။

လီဗာပူးက ဆောက်သမ် တန်ကို ၂-၀ ဂိုးဖြင့် သက်သောင့် သက်သာ အနိုင်ရရှိခဲ့ပြီး မန်ယူက နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် ရှုံး နိမ့်ပြီးနောက် လီဗာပူးက တတိယ နေရာ ရောက်ရှိလာကာ မန်ယူ အောက် နှစ်မှတ်သာ လျော့နည်း တော့သည်။

‘‘ပွဲမစခင်မှာ မန်ယူရှုံးသွား တာကို ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းကြီး မကွာဘူးဆိုတာတော့ သိတယ်။ ကျွန်တော်တို့ဒီရာသီမှာ သူတို့နဲ့ အနည်းဆုံး တစ်ကြိမ်တော့ ကစား ရဦးမယ်။ ဒါက အရမ်းကောင်း တယ်။ ကျွန်တော်တို့အတွက် ၅၄ မှတ်ရတာ အရမ်းအရေးကြီးပါ တယ်’’ ဟု ကလော့ပ်ကပြော သည်။

အခြားအသင်းများ၏ အနိုင်၊ အရှုံးသည် လွှမ်းမိုးမှုမရှိဘဲ မိမိ တို့ဘက်က ဆက်လက်ဖိအားပေး ရန်သာ လိုအပ်သည်ဟုကလော့ပ် က ပြောသည်။

လီဗာပူးသည် အိုးထရက်ဖို့ဒ် သို့ မက်လ ၁၀ ရက်တွင် သွား ရောက်ကစားရန်ရှိသည်။ ထို့ပြင်မန်ယူသည် ချယ်လ်ဆီး၊ မန်စီးတီး၊အာဆင်နယ်နှင့်ပွဲများလည်း ကျန်နေသေးပြီး စိတ်ဝင်စားစရာ အလှည့်အပြောင်း ရှိလာနိုင်သည်။

ထိပ်သီးလေးနေရာတိုက်ပွဲ သည် ရာသီကုန်အထိ ဆက် လက်ရှင်သန်နေဖွယ်ရှိပြီး ယင်း တွင် မိမိတို့အသင်း ပါဝင်ရန် လိုအပ်သည်ဟု ကလော့ပ်ကယုံ ကြည်နေသည်။

‘‘ရာသီကုန်ချိန်မှာ ထိပ်ဆုံး လေးသင်းထဲ ပါချင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ့်ပွဲတွေကိုယ်နိုင်ဖို့ပါ။ ဒါပေမဲ့ အဲဒီတိုက်ပွဲက နောက်ဆုံးအချိန် ထိ ဆက်ရှိနေမှာ။ အသင်းတွေရဲ့ အရည်အသွေးက အရမ်းကောင်း တယ်’’ ဟု ကလော့ပ်က ပြောကြားသည်။—Ref:AP